သော်နိုး ဆေးရုံက ဆင်းပြီး တစ်ပတ်လောက်အကြာမှာ သော်နိုး တို့ ကန်တင်းထိုင်နေတုန်း တစ်ဖက်လမ်းမှာ ဆိုင်ကယ်ရပ်ပြီး လူရှာနေတဲ့ ဝေယံ ကိုမြင်လိုက်တာနဲ့
"ဒီမှာ..."
သော်နိုး လက်လှမ်းပြရင်း အသံပြုမိ၏။
သော်နိုး တို့ထိုင်နေတဲ့နားကို အပြုံးနဲ့ ရောက်လာသူက သော်နိုး တို့ဝိုင်းက လူတွေကို မြင်လိုက်တာနဲ့ မျက်နှာတည်သွား၏။သော်နိုး လည်း ရုတ်တရပ်ပြောင်းလဲသွားတဲ့ ဝေယံကို နားမလည်နိုင်ပေမဲ့ ဆူး ကို မြင်မှ သဘောပေါက်မိ၏။သူတို့ပြတ်သွားသလား တွဲနေဆဲလား ဆိုတာတောင် သော်နိုး မသိ။ပတ်သက်သူနှစ်ယောက်လုံးက သော်နိုး ကိုဘာတစ်လုံးမှ ပြောမပြသည့်အတွက် သော်နိုး လည်း မမေးလိုတော့။
"ငါက နင်တို့ပဲထင်နေတာ ငပိုင်တို့ရောရှိနေတာပဲ"
သော်နိုး ကို မေးငေါ့ကာ နေရာရွှေ့ခိုင်းနေတဲ့ ဝေယံကြောင့် သော်နိုး တို့တွေ ဘေးကို တိုးပေးလိုက်သည်။သော်နိုး ဘေးကခုံလွတ်မှာ ဝင်ထိုင်လိုက်တဲ့ ဝေယံကို ကြည့်ရင်း
"နင် ဘာစားဦးမလဲ ဝေယံ..ငါ ထောပတ်သီး ဖျော်ရည်တော့ မှာပေးထားတယ်"
"ရတယ် မစားတော့ဘူး..ငါက နေ့လည်အတန်းရှိသေးတယ်.."
ပြောရင်း ဖျော်ရည် ငုံ့သောက်နေတဲ့ ဝေယံက ရှေ့ကို လုံးဝမော့မကြည့်။
"မင်းက ခုဘာလာလုပ်တာလဲ ဝေကြီး"
ပိုင်ရှင်း အမေးကို ကြားမှ ခေါင်းမော့လာပြီး သော်နိုး ဘက်လှည့်ကာ
"ငါ ဒီတစ်ပတ်ပိတ်ရက် ပြင်ဦးလွင်တက်မို့..သူ ဘာမှာဦးမလဲ လာမေးတာ..နင်ဘာမှာဦးမလဲ သော်နိုး''
"ငါ..ငါ ဘာမှာရမလဲ.."
သော်နိုး ကိုယ့်ကိုကိုယ်လက်ညှိုးထိုးပြီး မျက်မှောင်ကြုတ် စဉ်းစားမိ၏။စက္ကန့်ပိုင်းမျှကြာသောအခါ သော်နိုး မျက်လုံးအရောင်တောက်လာပြီး သွားဖြဲကြီးနဲ့ ပြောမိသည်က
"ဝိုင်နဲ့ မလိုင်ဝယ်ခဲ့ပေး"
"အေးပါ..ဒါပဲလား နင့်အိမ်ကိုရော မမှာတော့ဘူးလား"
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...