ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၂၄

61 7 0
                                    

စာမေးပွဲဖြေမည့်ရက်မှသိလိုက်ရတာက သော်နိုးတို့နဲ့အတူဖြေရမည့်မေဂျာက ဥပဒေဖြစ်နေခြင်း။ထို့ထက်ပို၍တိုက်ဆိုင်သည်က သော်နိုးနောက်ခုံကလူနဲ့တွဲရက်က ပိုင်ရှင်းဦး ပင်။သော်နိုး မှာစာမေးပွဲဖြေခါနီးမှ ဦး ကလိုက်ပို့တာကြောင့် သော်နိုး ရောက်ချိန်အပြင်မှာဘယ်သူမှမရှိပေ။သော်နိုး ပြာပြာ ပြာပြာနဲ့ဝင်ထိုင်ဖြေပြီးပြန်ထွက်ကာမှ ယုစံနဲ့နန္ဒာကိုစောင့်ရင်း အတန်းထဲလူတွေလှမ်းကြည့်တော့မှ ကိုယ့် crush ကြီးကကိုယ့်နောက်ခုံမှာဖြစ်နေပြီးကိုယ့်ကိုတည့်တည့်လှမ်းကြည့်နေတာကိုတွေ့လိုက်ရသည်။မကြာလိုက်တဲ့အချိန်အတွင်း ကိုယ့်ကိုမျက်လုံးပြူးပြီးဖြဲခြောက်နေတဲ့သူ့ကိုဘေးမဲ့ပေးပြီး ယုစံတို့ကိုသာပြန်ကြည့်နေလိုက်သည်။

စာဖြေခန်းထဲနောက်ဆုံးမှ ၀င်လာပြီး အခန်းရှေ့ကိုတကြည့်ကြည့်။အခန်းစောင့်ဆရာမက 'ထွက်ချင်ထွက်လို့ရပြီ' လို့ပြောတာနဲ့စာရွက်တွေကိုတဗြန်းဗြန်းပြန်စစ်ပြီး ချက်ချင်းကိုထထွက်သွားတာများ နောက်ကကျားလိုက်တဲ့အတိုင်းပဲ။စာဖြေတာခဏရပ်ပြီးလှမ်းကြည့်တော့ အခန်းရှေ့တည့်တည့်မှာရပ်စောင့်နေတဲ့ သူ့လူကြီးဆီအပြေးသွားပြီး မေးခွန်းစာရွက်တပြပြနဲ့ ဖြေနိုင်ကြောင်းကြွားနေတာလားမသိ။ဟိုလူကြီးကလည်းသဘောတွေကျလို့ သွားကြီးဖြဲထားတာများ သူ့ကိုသွားတိုက်ဆေးကြော်ငြာရိုက်ခိုင်းနေတဲ့အတိုင်းပဲ။မြင်ပြင်းကပ်လို့ကိုယ့်စာကိုယ်အာရုံစိုက်ဖြေပြီး အဖြေတွေပြန်စစ် ၊ အပုဒ်တွေပြန်စစ်ပြီးအားလုံးပြီးသွားချိန် စာရွက်အပ်ဖို့ ဆရာမအခြေအနေကြည့်နေတုန်း အပြင်ကနေခေါင်းလေးတထောင်ထောင်နဲ့အခန်းထဲ မော်ပြီးမျှော်ကြည့်နေတဲ့ကြောင်တောင်တောင်မလေးကိုလှမ်းတွေ့တော့ငေးကြည့်မိပြန်ရော။ငေးကောင်းကောင်းနဲ့ငေးနေတုန်းအကြည့်ချင်းဆုံတာမို့မျက်လုံးပြူးပြပြီးရန်စမိတော့ သူမထံကစိတ်ရှုပ်စရာဆိုတဲ့အကြည့်တစ်ချက်ကလွဲဘာမှမရရှိလိုက်။

အဖြေလွှာတွေထပ်ပြီးထွက်လာတော့ သူမကသံဇကာ သာခြားတဲ့နေရာလေးမှာသူ့လူနဲ့အကြည်စိုက်ကာ နေလေရဲ့။စာဖြေခန်းနားမို့တိုးတိုးတိတ်တိတ်ပြောနေတဲ့သူတို့အသံကြားဖို့အရေး အခန်းအုတ်နံရံကိုမှီနေလိုက် ပြတင်းပေါက်ကနေအခန်းထဲသွားချောင်းလိုက်နဲ့သူတို့အနားဝဲလည်ခတ်နေတဲ့ ကျနော့်ကိုတောင်ဂရုမထားမိသည်အထိအကြည်စိုက်နေကြတာပါ။နားမထောင်လည်းအတိုင်းသားကြားနေရတဲ့သူတို့အသံတွေကို နားစွင့်မိပါ၏။တကယ်ကဇွတ်အတင်းနားကိုကားပြီးလှမ်းနားထောင်ရတဲ့သူမအသံလေးတွေ။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now