သော်နိုး တို့ကျောင်းပြန်ဖွင့်တော့ သော်နိုး ရောက်သည့်နေ့တွင် ဦး ကချက်ချင်းလာခေါ်တာမို့ ပစ္စည်းများနေရာချရန် ဆူး ကသာကူညီပေးခဲ့သည်။ဒီနှစ်လပိတ်တဲ့အတောအတွင်း ဆူး နဲ့ သော်နိုး တို့စကားမပြောဖြစ်တာ ဆူး ကလိုင်းမတက်တာကြောင့်လည်းပါသည်။ခါတိုင်းဆို နှစ်ရက်ခြားတစ်ခါ ဖုန်းဆက်ပြီးရောက်တတ်ရာရာပြောသူက လိုင်းပင်မတက်ဖြစ်တော့ မအားလို့ထင်ကာ သော်နိုး အနှောင့်အယှက် မပေးခဲ့။ကျောင်းလာခါနီးနှစ်ရက်အလိုမှ ဆူး ကိုဖုန်းဆက်တော့ သော်နိုးလာတဲ့ရက်သူပါလာမယ်ဆိုပြီး အပိုစကားမဆို ဖုန်းချသွားလေသည်။
သော်နိုး ကို ဦး လာခေါ်တော့လည်းဘာအမေးစကားမှမဆိုလို့ သော်နိုး ကပင် သင်တန်းစုံစမ်းဖို့သွားမည်ဖြစ်ကြောင်းပြောတော့လည်း 'အင်း..နေ့လည်စာစားဖို့စောင့်နေမယ်' ဟူသောစကားကလွဲကျန်တာဘာမှမပြော...ဆူး ဘာဖြစ်နေတာလဲ?..
"ကိုယ်ပြောတာကြားလား နိုး..."
ပခုံးတစ်ဖက်ကိုဆွဲလှုပ်ခံလိုက်ရသည်နှင့်အတူ အမေးစကားကဆီးကြိုနေလေသည်မို့ အတွေးများမိသည့်မိမိအဖြစ်ကိုပြစ်တင်ဖို့ကြံစည်မိပေမယ့်
"ကိုယ်မေးနေတယ်လေ...ကိုယ်ပြောတာကြားလား လို့"
နောက်ထပ်အမေးစကားကြောင့် သော်နိုး ပြန်ဖြေရမည်ကိုအရင်စဉ်းစားလိုက်ရင်း
"ကြားတယ်...ဦး စောနဘာပြောတာလဲ?"
"စောနဘာပြောတာလဲ?...ကြားတယ်ဆိုပြီး...ဘယ်သူ့ကိုတွေးနေလို့ ကိုယ့်ပြောစကားကိုမကြားနိုင်တာလဲ?"
သော်နိုး ဦး ကိုမျက်လုံးလေးပြူးလျက်ကြည့်နေမိသည်။ခု ဦး ကသူ့ကိုပြောနေသည့်စကားသံက ကလေးကသူ့ပြောစကားနားမထောင်လို့ စိတ်ဆိုးပြီးအသံတိုးတိုးလေးနဲ့မရဲတရဲရန်လုပ်နေပုံမျိုး...
"ဦး သင်တန်းချိန်ကို ညနေ ၂-၄ ယူမလား? ၃-၅ ယူမလား?"
သော်နိုး သိသိသာသာပင် စကားလမ်းကြောင်းပြောင်းလိုက်တော့ ဦး ကသော်နိုး ကိုတစ်ချက်လှည့်ကြည့်ပြီး သော်နိုး ကသူ့ကိုကြည့်နေမှန်းသိတော့မှ
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...