ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၃၂

27 3 0
                                    

"ဟင်....ခန်းဖော်"

တောက်ခေါက်သံကြောင့် လှည့်ကြည့်မိတော့ သော်နိုး ရဲ့အခန်းဖော်လေး။

"မင်း...."

"သူက ဆူးလဝန်းတဲ့.. နိုး တို့ကျောင်းက..နိုး အခန်းဖော်..ကိုလတ် ကသိလို့လား"

ခန့်သစ် ရဲ့အံ့သြနေဟန်ကြောင့် သော်နိုး မိတ်ဆက်ပေးပြီး မေးလိုက်ခြင်း။

"ဟင်...အင်း"

ယောင်နန ပြန်ဖြေမိတဲ့ ခန့်သစ် အဖြေကြောင့် သော်နိုး ကမျက်မှောင်ကုတ်ကြည့်လာသည်။သော်နိုး စိတ်ခုသွားတယ် ထင်တယ်။ခန့်သစ် ဆိုတာ စကားတစ်ခွန်းကို ဒီလိုမျိုး ယောင်နနပြောမိတာဘယ်တုန်းကရှိဖူးလို့လဲ။

"ခန်းဖော် ဘာဖြစ်လို့လဲ"

တောက်ခေါက်သံကို ရည်ညွှန်း၍မေးမိသည့် သော်နိုး အမေးကို အရေးမလုပ်ပဲ ခန့်သစ် ကိုသာလှမ်းကြည့်ရင်း သူစူးစမ်းမိသည်။

"မင်းလည်းရှိနေတာပဲ ခန့်သစ်"

"ဒါက မင်း ထင်သလိုမဟုတ်ဘူးနော်..ဒီကိစ္စ အဖြစ်အပျက်အားလုံးကို ငါပြောပြမယ် မင်း နားထောင်ပေးမယ်မလား"

'မင်းလည်းရှိနေတာလား' ဆိုတဲ့မေးခွန်းမျိုးကို ပုံမှန်ဆို 'အင်း' 'ဟုတ်တယ်' သာဖြေမည့်သူက ယခုတော့ ဖြေရှင်းချက်ပေးခွင့်ရအောင် ခွင့်တောင်းနေသည်။

"အင်း နားထောင်ကြည့်ရမှာပေါ့ တွေ့မဲ့နေရာကို ငါစာပို့လိုက်မယ်"

"ပြန်တော့မို့လား ခန်းဖော်"

ပြောပြီးလှည့်ထွက်သွားတဲ့သူကြောင့် သော်နိုး မေးမိခြင်း။

"အင်း...ဘာလို့လဲ ပြောစရာရှိလို့လား"

"ပြောစရာတွေ အများကြီးရှိတယ်...ဒါပေမဲ့ ခုလောလောဆယ်တော့ နိုး လုပ်ထားတဲ့ ရေညှိထမင်းလိပ်လေး မြည်းကြည့်ပါလား"

အပြုံးတစ်ခုနဲ့အတူ မျှော်လင့်တကြီး မေးလာတဲ့မေးခွန်း။ငြင်းပယ်ဖို့ပြင်ပြီးမှ ခုထိအပြုံးမပျက်သေးတဲ့ သော်နိုး ကိုကြည့်ကာ

"စားရမှာပေါ့ နိုး ကိုယ်တိုင်လုပ်ထားတာကို"

အပြုံးတစ်ခုနဲ့ ပြန်တုံ့ပြန်ရင်း စားပွဲမှာဝင်ထိုင်ပြီးပြီးချင်း ခန့်သစ် ထံအကြည့်ပို့မိသည်။ခန့်သစ် ကတော့ သူ့ကိုကြည့်မနေဘဲ မုန့်တွေပြင်နေတဲ့ သော်နိုး ကိုသာစိုးရိမ်တကြီးလှမ်းကြည့်နေပြီး ခဏအကြာ သူ့ကိုလှည့်ကြည့်လာတဲ့ မျက်ဝန်းတွေက သူ့ကိုမေးခွန်းထုတ်နေပြန်သည်။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now