ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၂၀

51 3 0
                                    

တစ်​ရက်​တစ်​ခါပုံမှန်​​သွားပြီး ​နေ့လည်စာ​တွေ​မထပ်​​အောင်​ပို့ဖို့စီစဉ်​တာက ဖြိုး​သော်​နိုး။သူစီစဉ်​တဲ့အတိုင်း ​နေ့လည်စာ​တွေကို ဆိုင်​က​နေမှာပြီး​စောင့်​ယူရုံမက အ​ဆောင်​ထိကား​မောင်းပြီးလိုက်​ပို့အ​ဆောင်​​ရှေ့​တွေ့တဲ့လူကို​ခေါ်ပြီး 'ညီ​လေး ပိုင်​ရှင်းဦး ကိုဧည့်​သည်​​ရောက်​​နေ​ကြောင်း​ပြော​ပေးပါဦး' လို့​ပြောပြီး​ခေါ်ခိုင်းရတာက စစ်​ပြည့်​သျှန်​ဦး ဆိုတဲ့ကျ​နော်​။အ​ဆောင်​ထဲကထွက်​လာပြီး ​နောက်တစ်ခါ​​လာမပို့ဖို့နဲ့ သူသက်​သာတဲ့အ​ကြောင်း​တွေတစ်​ဖွဖွမှာသ​လောက်​ လာ​ပေးလို့​ခေါ်ခိုင်းရင်​ချက်​ချင်း​ရောက်​လာတာက ပိုင်​ရှင်းဦး။

လုပ်​ချင်​သ​လိုလုပ်​ပြီး ဘယ်​သူ့​ပြောစကားမှနားမ​ထောင်​တဲ့သူက ညဆို ဆူးလ၀န်း ဆိုတဲ့​ကောင်​မ​လေးမှာသမျှကို 'ဟုတ်​' 'အင်း' 'omm' 'yes sir' ဆိုပြီးမထပ်​​အောင်​​ပြောပြီး​ မှာသမျှကိုအကုန်​လုပ်​သူ။ကြားရမြင်ရပါများ​တော့ ပြည့်သျှန်​​လည်း ​သော်​နိုး အ​ပေါ် ဩဇာဘယ်​​လောက်​ရှိလဲ သိချင်​လာသည်။သူ​​ပြောလိုက်ေ​​တာ့လည်းသူ့ေ​ပြာစကားကို အဲ့က​လေးမကနား​ထောင်​​လေ​တော့ မဆိုးဘူး ​ပြောရမှာ​ပေါ့။

သူ​ပြောလိုက်​တာက မနက်ခင်း​​ထမင်းစားဝိုင်းမှာဟင်းဖတ်​​တွေဖယ်​​နေတဲ့ ​သော်​နိုး ကိုအဖွား​ရှေ့တင်

"ကြက်​သွန်​ဖတ်​​တွေ​ရောစား အဲ့တာမစားချင်​ရင်​ အဲ့ဟင်းကိုမထိနဲ့"

ကိုယ့်​စကားဘယ်​​လောက်​နား​ထောင်​လဲဆို အဲ့ဟင်းကိုလုံးဝမထိဘူး။တစ်​ခြားဟင်း​တွေလည်းမထိဘူး။

"ဖွား နိုး စားလို့ပြီးပြီ"

ပြောပြီးထသွားတာ ကိုယ်​အလုပ်​လုပ်​​နေချိန်​ အဖွားက ​"သော်​နိုး​လေးက ခု​ည​နေထိ​တစ်​​နေကုန်​ဘာမှထပ်​မစားဘူး" ဆိုပြီး ဖုန်းဆက်ေ​​​ပြာလာရော​​။အဖွားကဘာရယ်မဟုတ်ေ​ပြာပြလိုက်တာပဲ ​​ကိုယ့်​မှာ​တော့ ငါလျှာရှည်​မိခြင်းမို့ အဖွားမဆူခင်​ သူ့ကိုအရင်​​ချော့ရမယ်​လို့​အ​တွေး​တွေဝင်​လာပြီး မုန့်​​တွေသွားဝယ်​၊ ဆိုင်​ကိုပြန်​ပြီး ကိတ်​ကို​ကိုယ်​တိုင်​လုပ်၊ အိမ်​နားက ​ဈေးထဲမှာ သစ်​သီး​တွေဝယ်​ပြီး ​ကိုယ်​တိုင်​​ဖျော်​၊ စားစရာ​တွေလင်​ဗန်းထဲထည့်​ပြီး သူ့အခန်းဆီသွားပြီးအေ​ခြအနေကြည့်​ရ​သေးတယ်​။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now