ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၂၇

31 3 0
                                    

ယုစံစကားကြောင့် သော်နိုး စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။နဂိုကတည်းကမနက်ပိုင်းအတန်းမတက်ချင်သည်ကြောင့်အတန်းထဲကထွက်ခဲ့သော်လည်း တစ်နေကုန်အတန်းမတက်ဖြစ်ချင်တော့သည်အထိဖြစ်သွားတာကြောင့် သော်နိုး အဆောင်သို့ပြန်ရန်ကြံမိသည်။ဆူး တို့အတန်းဘက်ကိုသွားကာအဆောင်ပြန်မည့်အကြောင်းပြောပြရန်ကြံမိသော်လည်း သော်နိုး အတန်းမတက်လျှင် သေချာပေါက်အကြောင်းရင်းကိုမေးနေဦးမည်မို့ မသွားဖြစ်တော့ဘဲ တက္ကသိုလ်ဓမ္မာရုံလမ်းအတိုင်း လမ်းလျှောက်ပြန်ခဲ့မိသည်။

သော်နိုး ညောင်ပင်ဝိုင်းကပြန်ရန်တွေးမိသော်ငြား အဆောင်ကနေခုမှကျောင်းလာကြမည့်အချို့သောသူများနှင့်လမ်းတွင်ဆုံနေမည်စိုးသောကြောင့် အဓိပတိလမ်းအတိုင်းသာလျှောက်လာခဲ့လိုက်သည်။နွေရောက်တော့မည်ဖြစ်၍ မြေပြင်ပေါ်ကြဲပြန့်နေတဲ့တမာရွက်ကြွေတွေနဲ့ အချို့သောတမာပင်ယံထက်ရွက်နုလေးတွေပင်ထွက်ပေါ်နေပြီဖြစ်သည်။

လမ်းမှာတစ်လမ်းမောင်းဖြစ်တာကြောင့် နောက်ကဝင်ကျုံးမည်ကို မပူရသည့်အတွက် ခေါင်းမော့ကာ ကောင်းကင်ကိုသာကြည့်လျက် လျှောက်နေမိသည်။လမ်းလယ်ခေါင်တက်သွားလို့ လမ်းဘေးပြန်ကပ်ရတာနဲ့ မြောင်းထဲကျတော့မလိုဖြစ်သွားတတ်တာကလွဲ လမ်းလျှောက်ရတာကအတော်လေးကြည်နူးဖွယ်ဖြစ်နေသည်။မိန်းကျောင်းဆောင်ကြီး အနောက်ကနေဝင်ပြီး ကျောင်းမျက်နှာစာရှေ့ထွက်ကြည့်မိလျှင် လေရူးနဲ့အတူပင်ယံထက်ကရွက်ဟောင်းလေးတွေကြွေသည်ကိုကြည့်ရင်း သော်နိုး စိတ်ထဲတစ်စုံတစ်ဦးကိုလွမ်းဆွတ်လာရသည်။ချစ်ရသူကိုလား သို့တည်းမဟုတ် အနားမှာအမြဲရှိပေးသူကိုလား သို့တည်းမဟုတ် အမြဲအရိပ်တကြည့်ကြည့် နဲ့ဂရုစိုက်ပေးရသူကိုလား သော်နိုး ကိုယ်တိုင်မသိခင် ဖုန်းနံပါတ်တစ်ခုကိုအလိုအလျောက်ခေါ်မိပြီးသားဖြစ်နေပြီ။

"ဟဲလို သမီး ပြော"

"မေ.....မေ"

သော်နိုး ရဲ့သံရှည်ဆွဲကာခေါ်သံအဆုံး မေမေမေ့ထံက

"ကဲ ပြောပါဦး မုန့်ဖိုးကဘယ်လောက်ပဲရှိတော့တာလဲ"

မေမေ့ထံက အရယ်မပျက် မေးခွန်းထုတ်လာလျှင်

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now