ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၃၃

31 6 0
                                    

"သား...မေမေ အရင်ကတည်းက ပြောထားပြီးသားကိစ္စကို သားက ဘယ်လိုဖြစ်ချင်နေတာလဲ..ဖြစ်နိုင်ရင် သားခန့်ကိုကူညီစေချင်တယ်..ဒီနေ့လိုတွေထပ်မဖြစ်စေချင်ဘူး"

ဒေါ်ပြည့် သားဖြစ်သူကြောင့် ခေါင်းကိုက်ရသည်။နဂိုကတည်းက သံယောဇဉ်ကြီးတဲ့ ဒီကလေးနှစ်ယောက်ကို သူတို့ကပိုပြီး သံယောဇဉ်တွယ်စေလိုသည်။ဒါကြောင့်လည်း လူကြီးတွေစီစဉ်တဲ့ကိစ္စအကြောင်း သားကိုအရိပ်အမြွက်ပြောပြခဲ့သည်။'ဖြိုးသော်နိုး ဆိုတာ တစ်ချိန်မှာ မေမေတို့မိသားစုဝင်ဖြစ်လာမှာ' ဆိုတဲ့စကားကို သားလေး တက္ကသိုလ်တက်ချိန်ကစပြီး နေ့တိုင်းလိုလိုပြောပြခဲ့တာ။ဟိုတစ်လောက ခန့်သစ် မန်းလေးလာမယ်ဆိုတာ ကြားလို့ လူကြီးတွေစီစဉ်ထားတဲ့ကိစ္စ သားကို အကုန်ပြောပြလိုက်မိချိန်ကစ မိခင်ဖြစ်တဲ့သူ့ကို စကားမပြောတော့တာ
ဒီနေ့အထိ။

"သားက ဘာတတ်နိုင်မှာမို့လဲ မေမေ..နဂိုထဲက မေမေတို့ လူကြီးတွေစီစဉ်ထားတဲ့ကိစ္စပဲ...သား ကူတော့မကူညီပေးနိုင်ဘူး"

"သား မကူညီနိုင်ရင်တောင် မနှောင့်ယှက်ပါနဲ့..ဖေဖေ တို့လူကြီးတွေစီစဉ်ထားတဲ့ကိစ္စမှာ ဘာအကြောင်းနဲ့မှ မျက်နှာမပျက်ချင်ဘူး"

"သား က ဖေဖေ တို့မျက်နှာပျက်အောင် ဘာတွေများလုပ်မိလို့လဲ"

ဖေဖေ့ ဆီက အကြည့်စူးစူးတစ်ချက် ပြည့်သျှန် ထံ ရောက်ရှိလာ၏။

"မေကြီး...ကိုယ် သားနဲ့နှစ်ယောက်တည်း စကားပြောချင်တယ်"

"ဖေကြီး နဲ့ သားကြားမှာ ပြည့် မသိစရာအကြောင်းတွေရှိလို့လား"

"အဲ့လိုမဟုတ်ပါဘူး..တစ်ချို့ကိစ္စတွေက အမေ နဲ့ပြောတာထက် အဖေနဲ့ပြောတာ ပိုအဆင်ပြေလို့ပါ"

ဖေဖေ့ စကားအဆုံး ခေါင်းညိတ်ထောက်ခံကာ အခန်းထဲကထွက်သွားသော မေမေ့ကို အကြောင်းပြချက်မရှိပဲ အခန်းတံခါးပိတ်သွားသည်အထိ ငေးကြည့်နေမိသည်။အမှန်တော့ ဖေဖေ့ ကိုရင်မဆိုင်ရဲတာဖြစ်လိမ့်မည်။

"သား..သား နိုးနိုး အပေါ်မေတ္တာရှိနေတာ ဖေဖေသိတယ်"

"သားတို့က ငယ်ကတည်းကခုထိ အတူကြီးပြင်းလာတာကြောင့်ပါ"

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now