သော်နိုး မှာ ပိုင်ရှင်းလုပ်ရပ်ကြောင့် တစ်ပတ်ခန့်ဖျားသွားသေးသည်။ဖျားတယ်ဆိုတာ ဦး ပြောစကားအရပါ...ပါးတွေပူတာနဲ့ နှလုံးခုန်နှုန်းကလည်းမြန်နေတယ်ဆိုပြီး ဆေးခန်းပို့ပြီး တစ်ပတ်စာဆေးပေးခိုင်းသည်တဲ့...ဆရာဝန်ကဘာအဖျားမှမရှိဘူးဆိုတာကို ဇွတ်ကိုအဖျားပိုးဝင်ခိုင်းနေတာ...ဆရာဝန်လည်းကြာတော့ စိတ်ရှုပ်လို့ထင်တယ်...သော်နိုးကိုသောက်ဆေး တစ်ပတ်စာပေးလိုက်တယ်...ပြီးတော့ဆေးတွေမသောက်ဘဲလွှင့်ပစ်လိုက်ရတယ်...ဦး ကလည်းအဲ့နေ့ကစ ကျောင်းလည်းမလာသလို သော်နိုး ကိုလည်း သူ့ဆိုင်မခေါ်ဘူး...သူ့ချစ်သူကိုဂရုစိုက်နေရမှာပေါ့..
"နိုး ဒီအပတ်အိမ်ပြန်မှာလား"
"မပြန်ပါဘူး..Wae ဆူး"
ကျောင်းလိုက်ပို့ရင်း ရုတ်တရတ် မေးလာတဲ့ဆူး ကြောင့် သော်နိုး မေးခွန်းပြန်ထုတ်မိတော့
"ဒီအပတ် သောကြာနေ့ဈေးပွဲတော်ရှိတယ်...မနက်ပိုင်းအဆိုတွေဘာတွေရောရှိမယ်ကြားတယ်...သွားမယ်ဆိုလိုက်ပို့ပေးမယ်"
"Nae...ချစ်တယ်နော်..သိလား"
ပြောရင်းလက်မနဲ့လက်ညှိုးကိုအသဲပုံ ပုံစံလုပ်ရင်းနှုတ်ခမ်းနားကပ်ကာ အသဲမိုးများရွာချနေသော သူမ...လိုချင်တာရရင် ကလေးတွေအတိုင်းပဲ....
"Aww...ဦး လည်းခေါ်လိုက်မယ်...ရလား ဆူး"
သူ့ထံမှခွင့်ပြုချက်တောင်းနေတဲ့ ဒီကောင်မလေးကြောင့် ဆူး အပေါ်ချစ်ခင်လေးစားမှုဤမျှရှိမည်ဟုမထင်ခဲ့တာမို့ အံ့ဩမိသည်ကအမှန်...
"သဘောလေ...နိုး အကိုပဲ...ဆူး ဆီကခွင့်ပြုချက်တောင်းစရာမလိုပါဘူး"
"ပိုပိုချစ်သွားပြီ..."
ပြောရင်းလာဖက်ကာ ပါးကိုရွှတ်ခနဲနမ်းလိုက်တဲ့သူမကြောင့် သူအံ့ဩမိပေမယ့် ချက်ချင်းပင်သူ့ဆံပင်တွေကိုဖွလိုက်တော့လည်း အပြုံးတွေဖောဖောသီသီပေးနေပြန်သည်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romantizmငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...