"Hello!!"
သုံးကြိမ်မကတော့သည့် ဖုန်းကိုကောက်ကိုင်မိလေတော့ တစ်ဖက်က အသံပိုင်ရှင်က ခန့်သစ် မထင်ထားမိတဲ့လူမို့ ဖုန်းနံပါတ်ကိုပြန်ကြည့်ရင်း
"အင်း..နိုးနိုး ပြော"
ခန့်သစ် ရုံးရောက်ပြီး နာရီဝက်ပင်မကြာသေး ဖုန်းကိုင်ပြီး တစ်ဖက်လူကို အပြုံးတွေရက်ရက်ရောရော စွန့်ကြဲနေလေသည်။ဇွဲလျှံ နှာခေါင်းရှုံ့ကာ စပ်စုချင်သော်ငြား တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှပဲ ခန့်သစ် လက်မှတ်ထိုးတာကို စောင့်ယူရမယ့် ဖိုင်က တစ်ခုမှရှိမနေ။ဇွဲလျှံ ကိုဖိုင်တွေထားပြီး သွားဖို့ လက်ဟန်ပြနေတဲ့ ခန့်သစ် အမြင်မကြည်မှာစိုးတာကြောင့် ဖိုင်တွေထပ်ထားခဲ့ပြီး ပြန်လာခဲ့လိုက်သည်။
"ကိုပြည့်ဆိုင်က ဘာလို့လဲ နိုးနိုး.."
ဇွဲလျှံ ခြေလှမ်းတွေကို နှေးနိုင်သမျှ နှေးပြီးသွားနေတုန်း ကြားလိုက်ရတဲ့ အမေးစကားက ခပ်အေးအေးပင်။
"ဟုတ်ပါပြီ ကိုယ်အခုလာပြီနော်"
ဇွဲလျှံ တံခါးပေါက်ရှေ့အရောက် ဖုန်းချပြီး နေရာကထထွက်လာသည့် ခန့်သစ်။
"ကျနော် လိုက်ပို့ပေးရမလား..ဆရာ"
ဇွဲလျှံ အလိုက်တသိပင် မေးမိတော့ ခန့်သစ် ကချက်ချင်းပင် ပြန်ဖြေလေ၏။
"ရတယ်..ဇွဲလျှံ ကဒီမှာပဲနေခဲ့ပြီး ညနေ meeting အတွက်လုပ်စရာရှိတာတွေ လုပ်ထားပေး..အကိုက ကိုယ့်ဘာသာပဲ သွားလိုက်တော့မယ်..အရေးကြီးကိစ္စရှိရင် ကိုယ့်ကို ဖုန်းဆက်လိုက်"
ပြောပြီးတာနဲ့ ချက်ချင်းထွက်သွားသူက မပြေးရုံတမယ်။နောက်ကနေလိုက်ကြည့်ချင်ပေမယ့် ယုံကြည်စွာအပ်နှံခဲ့သူ စိတ်ချရအောင် ကြိုးစားပြချင်တာမို့ ကိုယ့်အလုပ်ခန်းကိုသာ ဦးတည်ခဲ့တော့သည်။
#####
သော်နိုး ပြောတဲ့ဆိုင်ကိုရောက်လာပေမယ့် သော်နိုး ကိုမတွေ့တာကြောင့် ခန့်သစ် ဖုန်းဆက်ဖို့ပြင်နေတုန်း ဝန်ထမ်းကောင်မလေးက ခန့်သစ် ကို သော်နိုး ရှိရာဆီ လိုက်ပို့ပေးလေ၏။
ဆိုင်လေးက ကိုယ်ပိုင်ခြံဝင်းလေးထဲက ရှေ့မျက်နှာစာမှာ တစ်နိုင်တစ်ပိုင် ဖွင့်ထားသည်ဆိုပေမယ့် အိမ်နောက်ဘက်မှာလည်း စားပွဲဝိုင်း လေးငါးဝိုင်းခန့် ရှိသည်။သော်နိုး ကထိုထဲက ချောင်အကျဆုံးဝိုင်းကို ရွေးထိုင်ထားလေ၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romansaငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...