သူ့စကားအဆုံး လှည့်ကြည့်လာတဲ့ ခန့်သစ် မျက်ဝန်းတွေက အရောင်ပြောင်းသွား၏။ဒေါသကိုချုပ်တည်းရလွန်းလို့ နဖူးရှိသွေးကြောများပင် ထောင်ထလာ၏။
"ကျွန်တော်ရော စောင့်ပေးဖို့ အဆောင်ကိုခွင့်တိုင်ပြီးပြီ"
ခန့်သစ် တစ်ခုခုပြောဖို့ ပြင်နေချိန် ဖြတ်ပြောလာတဲ့ ပိုင်ရှင်း။ခန့်သစ် နဲ့အတူ အားလုံးရဲ့အကြည့်က ပိုင်ရှင်း ဆီ။
*နိုးနိုး ဒီလိုဖြစ်ရတာတွေအားလုံးက မင်းကြောင့်ဆိုတာကို မင်းမသိတာလား..ဒါမှမဟုတ် သိသိရဲ့နဲ့များ တမင်လုပ်နေတာလား ပိုင်ရှင်းဦး
ခန့်သစ် သူ့အတွေးတွေကြောင့် ခေါင်းအသာရမ်းမိ၏။နေမကောင်းသူကို အားနာတာကြောင့် ခန့်သစ် လေပူတစ်ချို့မှုတ်ထုတ်ကာ စိတ်လျော့လိုက်ပြီး
"ရပါတယ် မင်းတို့ပြန်လိုက်ပါ ကိုယ် တစ်ယောက်တည်းစောင့်လိုက်ပါ့မယ်"
ယုစံက ခန့်သစ် ကိုလှမ်းကြည့်၍ ခဏစဉ်းစားပြီးနောက် သူတို့ ဆက်ရှိနေရန်မသင့်ကြောင်း သိလိုက်တာမို့ ဘာမှ ဝင်မပြောပဲ သူ့ပစ္စည်းများကိုယူကာ
"ဒါဆို ယုစံ တို့ပြန်လိုက်ဦးမယ် ကိုခန့်သစ်..မနက်မှ သော်နိုး အတွက် ဆန်ပြုတ် ပြုတ်ခဲ့ပေးမယ်.."
နှုတ်ဆက်ပြီး ထွက်သွားတဲ့ ယုစံ နဲ့ နန္ဒာကို ခန့်သစ် ခေါင်းညိတ်၍သာ အသိအမှတ်ပြုမိ၏။တကယ်ပြန်စေချင်သည့် နှစ်ယောက်က ယခုထိ နေရာတွင်ပင် မလှုပ်မယှက် မတ်မတ်ရပ်လျက် ရှိနေသေးတာကြောင့်
"မင်းတို့ရော ပြန်တော့လေ"
ပြောပြီးပြီးချင်း သော်နိုး ဘေး ပြန်ထိုင်လိုက်တဲ့ ခန့်သစ်။
"ငါ ကူ စောင့်ပေးမယ်"
သူ့ အသံက တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်၏။သို့သော် အရင်တုန်းကကဲ့သို့ မာန်မာနများ မရှိခဲ့။လေသံအေးနဲ့ ပြောလာတဲ့သူ့ကို ခန့်သစ် လည်း လေသံအေးနဲ့သာတုံ့ပြန်မိ၏။
"မလိုဘူး ပြန်တော့"
ခန့်သစ် စကားကို အရေးမစိုက်စွာ အခန်းထဲက ဆိုဖာပေါ် သွားထိုင်နေသည့် သူ။ခပ်တည်တည်ပင် မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုကောက်ဖတ်နေသေး၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romansaငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...