သော်နိုး ကျောင်းပြန်တက်တော့ ပိုင်ရှင်း က သော်နိုး အခန်းရှေ့ရောက်လာပြန်ပါ၏။ဒီတစ်ခါတော့ အရင်တစ်ခေါက်နဲ့မတူ။သော်နိုး လက်ကိုဆွဲကာ သူ့နောက်လိုက်ခဲ့ဖို့ခေါ်၏။
"ဘာလို့တုန်း"
သော်နိုး ချက်ချင်းပင် လက်ကိုဖြုတ်လျက် မေးမိတော့ ပိုင်ရှင်း က
"ငါတို့ Date ကြည့်ရအောင်..သူများတွေနဲ့ မဟုတ်ပဲ ငါတို့ ၂ ယောက်ပဲသွားတဲ့ Date..ငါတို့တစ်ယောက်အကြောင်း တစ်ယောက် ပိုသိမှ လက်ခံသင့်လား ငြင်းသင့်လားသိမှာပေါ့..ဒီတိုင်း လက်ခံလို့လည်း အဆင်မပြေသလို ဒီတိုင်းငြင်းပစ်ဖို့လည်း အဆင်မပြေဘူးလေ..မဟုတ်ဘူးလား"
ပိုင်ရှင်း ကချက်ကျလက်ကျ ပြောနေသည်မို့ သော်နိုး ပြုံးမိရကာ
"ဘာပဲဖြစ်ဖြစ် ငါကတော့ ငြင်းမှာပဲ"
"အဲ့တာကြောင့်လေ..နင်က ငါ့အကြောင်းဘာမှမသိပဲ ဘာကိုငြင်းမှာလဲ..နင်ငြင်းရတဲ့အကြောင်းရင်းကခုချိန်ပြောရင် ဘယ်လိုပြောပြောခိုင်လုံမှာမှမဟုတ်တာ..ငါနဲ့အရင် Date ကြည့်ပြီး ငါ့ရဲ့အကြောင်းတွေလေ့လာကြည့်ပြီးမှ ငါ့ကိုစဉ်းစားပေး..မဟုတ်ရင် ငါလက်သင့်မခံဘူး..နင်က ငါနဲ့ Date မကြည့်ပဲငြင်းမယ်ဆို ငါကတော့ ဆက်လိုက်နေဦးမှာ..မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့ထိ.."
ပိုင်ရှင်း က ကလေးဆန်စွာပြောမိလျှင် သော်နိုး ကအံ့အားသင့်နေရာမှ ချက်ချင်းပင် ပြန်ပြောလာသည်က
"နင့်သဘောပဲ"
ဟူ၍သာ။ပြီးတာနဲ့ ချက်ချင်း အခန်းထဲဝင်သွားသူကြောင့် ပိုင်ရှင်း မှာသာ မတ်တတ်မေ့နေလေ၏။
နေ့လည် ကန်တင်းမှာတွေ့တော့လည်း ပိုင်ရှင်း က သော်နိုး ကိုစိုက်ကြည့်နေတာမို့ ယုစံ ကမနေနိုင်စွာပင် မေးမိတော့သည်။
"နင် ပိုင်ရှင်း ကိုဘာလုပ်ထားမိတာလဲ"
ယုစံ အမေးကို သော်နိုး နားမလည်စွာ ပြန်လှည့်ကြည့်ရင်း မေးဆတ်ပြလေတော့ ယုစံကလည်း သော်နိုး နည်းတူ တစ်ဖက်ကိုမေးငေါ့ပြလေ၏။ယုစံ ပြရာဘက်ကြည့်လိုက်လျှင် သော်နိုး ကိုစိုက်ကြည့်နေသော ပိုင်ရှင်း နဲ့ဆုံတာမို့ သော်နိုး လည်းမျက်မှောင်ကုတ်လျက် ခပ်တိုးတိုးပင်ပြန်ဖြေမိ၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...