ဖူးစာမယ်ရဲ့ အတ္တ သို့ မာန အပိုင်း ၄၆

22 1 0
                                    

"ဘာဖြစ်နေတာလဲ ဦး..ဘာကိစ္စဖြစ်လို့လဲ.."

မေးတာမဖြေပဲ တုံဏိဘာဝေ နေနေသော သူကိုကြည့်ကာ သော်နိုး လေကိုခိုးရှိုက်မိ၏။

"ဦး..နိုး ကိုစကားလေးတော့ ပြန်ပြောပါဦး"

သော်နိုး မှာ အဆောင်ပြန်ဖို့ အချိန်ကနီးနေပြီ။လိုက်ပို့ပေးမည့်သူက ခုထိတုပ်တုပ်မလှုပ်။

"နိုး ကိုအဆောင်ပြန်လိုက်မပို့ဘူးလား..ဦး"

စကားတစ်ခွန်းဟဖို့မဆိုထားနှင့် သော်နိုး ပြောသမျှကို ခေါင်းညိတ်ခေါင်းခါပင် မတုံ့ပြန်။

သော်နိုး ကဒီနေ့အဆောင်ပြန်မှာမို့ လိုတာဝယ်ရအောင် ပြည့်သျှန် ကသာ စောစောပြန်လာခဲ့တာ။သော်နိုး ကတော့ ခန့်သစ် တို့ရုံးကနေ ၅ နာရီထိုးတော့မည့်အချိန်မှ ပြန်လာလေသည်။ဒါကို ခန့်သစ် ရုံးသို့လိုက်သွားသည့်အကြောင်း ပြည့်သျှန် ကိုတစ်ခွန်းမှပင် မဟသည့်အတွက် သော်နိုး ကို ပြည့်သျှန် စကားမပြောမိ။

"ဦး လိုက်မပို့ရင်လည်း နိုး ဘာသာပြန်တော့မယ်"

*အင်းလေ လိုက်ပို့ပေးမယ့်သူက ကိုယ်တစ်ယောက်ပဲရှိတာမှ မဟုတ်တာကို..ကိုယ်တကယ် သိချင်မိတယ် ကလေး..ကလေး အတွက် ကိုယ်ကဘာလဲ ဆိုတာ..

ပြည့်သျှန် အတွေးနဲ့မျက်မှောင်ကျုံ့မိတော့ သော်နိုး ကတခစ်ခစ်ရယ်လေ၏။

"သွားမယ် ဦး..ညဈေးတန်းသွားပတ်မယ်..နိုး ဒီနေ့ အဆောင်မပြန်တော့ဘူး"

ပြည့်သျှန် မယုံနိုင်စွာပင် လှည့်ကြည့်မိတော့ သော်နိုး ကပြုံးနေဆဲပင်။

"ဒီမှာကြည့်..နိုး အခန်းဖော်ကို ခွင့်တိုင်ပေးဖို့ပြောပြီးပြီ"

ပြည့်သျှန် မျက်နှာရှေ့တည့်တည့်သို့ ထိုးပြလာသည့် ဖုန်းမှာ ပြန်မလာဖြစ်လို့ ခွင့်တိုင်ပေးဖို့ ပြောထားတဲ့ စာတစ်စောင်။သို့သော်ငြား ပြည့်သျှန် ဘာမှပြန်မပြောချင်သေး။ကိုယ်ကတော့ သူတစ်နေကုန် နားပါစေ ဆိုပြီး အိမ်မှာထားခဲ့တာ သူကတော့ တစ်နေကုန် သူများရုံးလိုက်သွားသည်တဲ့လေ။ဒါကိုတစ်နေကုန်လို့မှ ပြည့်သျှန် ဆီဖုန်းတစ်ချက်ဆက်ပြီး အကျိုးအကြောင်း ပြောမပြ ၊ ဧည့်သည်တွေနဲ့တွေ့တဲ့ အချိန်ကို ဧည့်ဝတ်ကျေခဲ့ဖို့နေနေသာသာ လိုရင်းတိုရှင်းပြောပြီး ကျန်တာကို ရွှေရည်နဲ့ လွှဲကာ တန်းပြန်လာခဲ့တဲ့သူ့ကို သော့ခတ်ထားတဲ့ အိမ်ပေါက်ဝက ဆီးကြို၏။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now