တစ်လမ်းလုံးဘာစကားမှပင်မထွက်နိုင်တော့။မနက်ခင်းကိုထိုထိုသောအသံများနှင့်ဖြတ်သန်းပြီးနောက် ကိုယ်မထင်ထားတဲ့လူကကိုယ့်ရှေ့ပြုမူလိုက်တဲ့အပြုအမူတွေကြောင့် သော်နိုး ဘာလုပ်လို့လုပ်ရမှန်းမသိချိန် ဆူး ကခေါ်ထုတ်လာခြင်းပင်။
သော်နိုး အတွေးထဲပေါ်လာသည်က မရွှေရည်လက်အစုံကိုဖမ်းချုပ်ပြီးနမ်းဟန်ပြင်နေသည့် ဦး က မရွှေရည် ပခုံးပေါ်လက်ပြောင်းလိုက်ချိန် သော်နိုး ခေါင်းကိုခါရမ်းရင်း မျက်နှာကိုမော့ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်မိလေတော့ အသံတစ်ခုကြောင့် သော်နိုး လက်ရှိကိုပြန်သုံးသပ်လိုက်မှ ဆိုင်ကယ်နောက်မှာ ဆူး ခါးကိုဖက်ကာလိုက်နေမိသည့်အဖြစ်...
"ဆူး ကန်တော့...ကန်တော့ ဆူး နာသွားတာလားဟင်"
"ဟမ်...မနာပါဘူး...အားနေလို့ပါးစပ်သရမ်းပြီးအော်လိုက်တာ"
ဆူး ရဲ့ရွဲ့တဲ့တဲ့စကားကြောင့် သော်နိုး မှာဆက်ပြောစရာစကားတွေတောင်ရှာမရတော့..စိတ်ထဲဘာမှကိုထည့်မထားချင်တဲ့အချိန်မှာ ဆူး ကိုလည်းဘာမှထပ်မပြောချင်...
လူကိုဖက်ထားတဲ့လက်ကရုတ်တရတ်ဆွဲဆုပ်ခံလိုက်ရတဲ့အပြင် စူးခနဲခံစားချက်ကြောင့် ဟန်မဆောင်နိုင်ပါဘဲ 'အ' လို့အသံထွက်မိတော့ သူ့ထံကကြောင်တောင်တောင်အမေးကတန်းရောက်လာတာမို့ စိတ်ပေါက်ပြီးအရွဲ့တိုက်စကားဆိုမိသည်။ဒါကိုဘာသံမှထပ်မထွက်လာတာမို့သူလည်းဆက်မပြောတော့...ဒီကောင်မလေးက အ တာလား..ထုံတာလား...တုံးတာလား...သေချာတာကတော့ မထုံတတ်တေးနဲ့ဦးနှောက်မရှိတဲ့ကလေးမ...
အဆောင်ရောက်တော့ဘာစကားမှထပ်မဆိုဘဲ အခန်းထဲအရင်ဝင်သွားတဲ့ ဆူး ရဲ့ကျောပြင်ကိုကြည့်ရင်း သူစိတ်ဆိုးမှန်းသိပေမယ့် သော်နိုး အရေးတယူလုပ်ချော့မနေချင်တော့...ဒီနေ့မနက်ခင်းမှာတင်သူ့အားတွေအားလုံးကုန်သွားပြီမို့ကုတင်ပေါ်လှဲအိပ်လိုက်မိသည်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...