ကျောင်းရှေ့ wifi သုံးနေတုန်းတစ်ဖက်လမ်းကနေအထုပ်တွေမနိုင်းမနင်းနဲ့ ဆိုင်ကယ်မောင်းလာတဲ့ သော်နိုးကိုအမြင် လန့်သွားရသည်။ဒီကောင်မလေးကဆိုင်ကယ်စီးကျွမ်းတာမဟုတ်...လမ်းကရှုပ်ရှုပ်နဲ့ဘယ်ကပြန်လာတာလဲမသိ...စိတ်ပူပြီး ခေါ်မည်အပြု သူ့နောက်ကလူကိုသေချာမြင်ရချိန် ဒေါသတွေကအလိပ်လိုက်ပင်။
ဟိုတစ်ယောက်ကလက်ထဲကအထုပ်တွေကိုဆိုင်ကယ်လက်ကိုင်မှာချိတ်ဖို့သာအာရုံရနေတာမို့ ရှေ့ကကားကိုမမြင်...တိုက်မိဖို့အနည်းငယ်သာအလိုမှာ ပိုင်ရှင်းကရှေ့တိုးကာ လက်ကိုင်ကိုထိန်းပေးလိုက်တော့ သော်နိုး ကထိုသူ့ရင်ခွင်ထဲအလိုအလျောက်ရောက်ရှိသွားချိန်....ပိုင်ရှင်းရဲ့စကားကို ငိုမဲ့မဲ့မျက်နှာလေးနဲ့ပြန်ပြောနေတဲ့သူမကိုလည်း စိတ်ဆိုးလာသည်။အဲ့လောက်ချစ်ဖို့ကောင်းတဲ့ပုံစံလေးကိုတစ်ခြားယောက်ျားလေးတွေရှေ့မဖြစ်အောင်ထိန်းဖို့ပြောရမည်။
သူတို့ကကိုယ့်ကိုပင်မမြင် Library ဘက်ကွေ့သွားတာမို့ သူလည်းဒေါသတပွေ့တပိုက်နဲ့နောက်ကလိုက်လာတော့ တွေ့လိုက်ရသည့်မြင်ကွင်းကရင်ဘက်ကိုစောင့်ကန်လိုက်သည်။သော်နိုးလက်ကဟိုကောင့်လက်ဝါးရဲ့အထဲနစ်မြှုပ်ရုံမကပါးပြင်ထက်ကိုပါကပ်နေသေးသည်။သူ့ဒေါသချုပ်တည်းမှုတွေက မဖြစ်နိုင်တော့ပြီမို့
"ဖြိုးသော်နိုး!!!!!ဒါဘာလုပ်နေတာလဲ?"
အော်သံကြောင့် သော်နိုး ကိုယ်လေးတုန်တက်ကာ နောက်လှည့်ကြည့်လာသည်။အသံကအံ့ဩခြင်းများစွာပျော်ဝင်နေလျက်
"ဆူး..."
သူ့ကိုမြင်တာတောင်အရေးမစိုက်စွာ သော်နိုး ကိုလက်ကိုကိုင်ထားနေတဲ့သူ့ကိုရော...ခုချိန်ထိ ရုန်းမထွက်သေးတဲ့ဒီကောင်မလေးကိုရော သူစိတ်တိုစွာကြည့်မိတော့မှ သူ့လက်လေးကိုဖယ်လိုက်ရင်း သူ့ကိုမျက်နှာငယ်နဲ့ကြည့်နေတဲ့သူမ....
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...