အတွေးနဲ့ လက်တွေ့ကကွာခြားလွန်းတာကို မေ့နေမိတာ။ကိုယ်ထင်တာတစ်ခုပေမယ့် ဖြစ်လာတာက.....
သော်နိုး ခေါင်းကိုအောက်ငုံ့မိလိုက်တော့မှအင်္ကျီအနွေးထည်ကိုတွေ့လိုက်ရတော့မှ သူဘာလုပ်မလို့ဆိုတာကိုသိလာသည်။သော်နိုး ရှေ့ကခါးစည်းပေးဖို့လုပ်နေတဲ့ မိမိရဲ့ crush ကိုကြည့်ကာ မေတ္တာပို့နေမိသည်။
*ခါးစည်းပေးမလို့ လို့ ပြောရင်သေသွားမှာစိုးလို့လား??? လူကိုအလကားနေ ရင်ခုန်လွန်ပြီးသေစေချင်နေတယ် အလကားလူ ခုမှပေါ်လာပြီးလူကိုပြုစားလိုက်ပြီးမှ...
Garr.. သုံးစားမရတဲ့ crushသော်နိုး အတွေးထဲမှ မေတ္တာတွေစွတ်ပို့နေတုန်းရှိသေး ခါးပေါ်သူစည်းပေးနေတဲ့အင်္ကျီလေးကခါးပေါ်မှာမရှိ။သူ့လက်ထဲမှာပင်။ပြီးတော့ဘာမှမပြောတော့ဘဲ သူ့ဘာသာအပြေးထွက်သွားသည်။ဒါကဘယ်လိုကြီးလဲ?စည်းပေးပြီးမှဘာလို့ပြန်ယူသွားတာလဲ?သော်နိုးမှာကြောင်အလျက် ဘေးဘီကိုကြည့်ကာ ဘာမှမဟုတ်သလိုဆံပင်ကိုသပ်လိုက်ရင်း toilet ဘက်ကိုအပြေးသွားမိသည်။
မကြာလိုက်ပါ သော်နိုး toilet အပေါက်နားရစ်သီရစ်သီလမ်းလျှောက်နေတုန်း အမျိုးသမီး toilet နားကို ပိုင်ရှင်းဦး ပြန်ရောက်လာပြီး နိုး ကိုလက်ယပ်ခေါ်နေတာကြောင့် အနားကိုသွားမိတော့ လက်ထဲအထုပ်တစ်ထုပ်ထည့်ပေးကာ အပြေးထွက်သွားပြန်သည်။သော်နိုး အထုပ်ကိုဖွင့်ကြည့်မိတော့ ဂျင်းဘောင်းဘီနဲ့ အနွေးထည်လေးတစ်ထည်။
*ဒီလိုတော့လည်းဘယ်ဆိုးလို့လဲ crush လေးက တော်တာ
######
ရုပ်ရှင်ရုံထဲဖိနပ်ပျောက်လို့အောက်ထဲဝင်ရှာနေရင်း ထွက်လာမိတာကနောက်ဆုံးလိုဖြစ်နေသည်။ရုပ်ရှင်ရုံထဲကထွက်လာတော့ ကောင်မလေးတစ်ယောက်ကို ကျန်နှစ်ယောက်ကနံရံနားကပ်ပြီးဘာတွေပြောနေတယ်မသိ။ရုပ်ရှင်ထဲကထွက်လာတဲ့ လူတွေကလည်းသူတို့တွေကိုကွက်ကြည့် ကွက်ကြည့်နဲ့မို့ ဘာဖြစ်နေတာလည်းသိချင်လာရသည်။အနိုင်ကျင့်ခံရတာလားမသိ။ဒါဆိုရင်တော့မဖြစ် ပိုင်ရှင်းဦး
ကဒါမျိုးတော့လက်ပိုက်မကြည့်နိုင်။သူတို့အနားကိုနီးလာတော့မှနံရံမှာကပ်နေတဲ့ကောင်မလေးကိုကြည့်မိတော့ဖြိုးသော်နိုး...သူကဘယ်လိုဖြစ်လို့..ဘေးကနှစ်ယောက်ကလည်းသူ့သူငယ်ချင်းတွေပါပဲ...သူတို့အနားဖြတ်သွားတာတောင်သူတို့ကကျနော့ကိုသတိမထားမိ...သူတို့အဖွဲ့စကားပြောရင်း toilet ဆိုတဲ့အသံကြားတော့
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...