"ဆူး ဒီနေ့အတန်းချိန်မရှိဘူးမလား နိုး ဘာသာသွားလိုက်တော့မယ် ညနေမှလာကြိုလိုက်"
ဆူးတို့ဒီနေ့အတန်းမရှိ။ညနေတစ်ချိန်သာရှိတာကြောင့် အိပ်ပျော်သွားတာကို နိုးကမနှိုးဘဲသူအကုန်ပြင်ဆင်ပြီးမှ ကျောင်းသွားတော့မှာကိုပြောသည်။ပြေးသွားလိုက်တာချော်လဲနေမှဒုက္ခ။
နိုး ဒီနေ့မှဘာစိတ်ပေါက်နေသည်မသိ။ကျောင်းစောစောသွားချင်နေသည်။စောစောသာပြောတာ ၉နာရီထိုးတော့မည်။အဆောင်ရှေ့ရောက်တော့ တမာပင်အောက်လူတွေစုနေတာမြင်လို့ သေချာကြည့်မိတော့မှ ပိုင်ရှင်းဦး တို့အုပ်စု။သူတို့အုပ်စုအပြင်သွားမလို့ထင်တယ်။သူက T-Shirt အနီစင်းကျားလေးကိုမှ Jeanနဲ့တွဲဝတ်ထားသည်။သူ့ကို အဲ့လိုပုံစံနဲ့တွေ့ပါများတော့ ဒါကသူတစ်ဦးတည်းအတွက် ထုတ်ထားတဲ့ fashion လိုပင်။သူ့ကို အချိန်တစ်ခုထိငေးကြည့်နေမိတာက ဘယ်ဓာတ်ကြောင့်ရယ်မသိ။သူကစကားပြောနေရင်း ပြုံးပြီးခေါင်းကအဆောင်ဘက်လှည့်အလာ အဆောင်တံခါးနားကသူ့ကိုငေးကြည့်နေတဲ့ နိုး ကိုတွေ့သွားသည်။နှစ်ဦးလုံးရဲမျက်ဝန်းတွေ အကြည့်ချင်းဆုံတဲ့အခိုက်အတန့်က မကြာလိုက်သော်လည်း နိုး ရင်ထဲမှာပုံမှန်မဟုတ်တဲ့ လှိုင်းလေးတစ်ခုဖြတ်သွားတာကို သတိထားမိသလို။
အဲ့ဒီနေ့ကစ၍သူ့ကိုသတိထားမိလာသည်ကအချိန်တိုင်း။သူ့ရဲ့အပြုံးကိုမြင်လိုက်ရင် နိုး အမြဲပြုံးမိသည်။သူ့ကိုတွေ့လိုက်တဲ့အခါတိုင်း သူ့ဘေးမှာ သူ့သူငယ်ချင်းကောင်မလေးတွေနဲ့အမြဲတမ်းနီးပါးတွေ့ရသည်။တစ်ခါတစ်ရံသူ့ကိုဘယ်သူမှမပါဘဲ တစ်ယောက်တည်းသွားနေတဲ့အချိန်မျိုးမှာ နိုး လမ်းသွားရင်းတွေ့လိုက်ရတဲ့အခါ နိုး ရဲ့နှလုံးသားလေးကပုံမှန်ထက်မြန်သွားတတ်ပြီး နိုး မျက်နှာကလည်းပြုံးနေတတ်တော့တာကို။သူ့အတွက်ခံစားချက်တွေရှိနေတာကို နိုး သတိမထားမိပေမယ့် နိုး ရဲ့မသိစိတ်မှာတော့သူအမြဲရှိနေတတ်တာကိုသိသည်။
![](https://img.wattpad.com/cover/174365332-288-k803626.jpg)
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...