3..2..1..Happy New Year~~~
"ကိုဇာမ် ပျော်ရဲ့လား အိမ့်တော့အရမ်းပျော်တာပဲသိလား"
"အကိုလည်းပျော်ပါတယ်"
ဇာမ် အရပ်၆ပေကျော်ကျော် vပုံစံမျက်နှာနဲ့ ခပ်မိုက်မိုက်Bodyပိုင်ရှင် ထိုအမျိုးသားက ပျိုတိုင်းကြိုက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရသူ။မျက်ခုံးမွှေးထူထူ မျက်ဆံမဲမဲ၊အပြုံးအရီသိပ်မရှိသလောက် ပြုံးလိုက်တိုင်းလဲ ပါးချိုင့်တစ်ဖက်အမြဲပေါ်လာသူ။
စကားကိုလဲလိုတာထက် ပိုမပြောတတ်သေး။သွေးကြောစိမ်းစိမ်းလေးတွေထင်းနေတဲ့ ခန္ဓာကိုယ်နဲ့ လည်စိကြီးကြီးက ပျိုနေတွေကြားမှာ ရေပန်းအစားဆုံးအချက်ထဲကတစ်ချက်ပင်။Boyရော Girlရောပါ တွဲတတ်ပေမယ့် ခုထိဘယ်သူမှ၁ပတ်ပြည့်အောင်အတွဲမခံရသေးပေ။၁၀တန်းအောင်ထားတာမကြာသေး အခု ဘယ်တက္ကသိုလ် တက်ရမလဲစဥ်းစားနေတုန်း၊ဒီနေ့ည ဖြစ်ပျက်မည့်အဖြစ်အပျက်ကိုသာ မကြုံခဲ့ရင် သေချာပေါက် နိုင်ငံခြားကျောင်းသွားတက်ဖြစ်ပေလိမ့်မည်။ဒီနေ့happy new yearဆိုတော့ EDMမှာ ဇာမ်တို့အဖွဲ့ပျော်ကြပါးကျဖို့ရောက်လာခဲ့ခြင်းဖြစ်သည်။ VVIP တန်းမလို့လူတော့သိပ်မကြပ်လှ အသန့်ကြိုက်တဲ့ဇာမ်ကတော့ ဒါကိုတောင်စိတ်တိုင်းမကျပဲ စိတ်ရှိလက်ရှိမပျော်နိုင်ဖြစ်နေရှာလေသည်။
"အခုကိုဇာမ် ကျောင်းပီးပီဆိုတော့ ဘာမေဂျာယူမလဲကိုဇာမ်"
"မသိသေးဘူး"
"ကိုဇာမ်တို့က ကျောင်းပီးပီဆိုတော့ကောင်းလိုက်တာ အိမ့်ပဲကျန်တော့တယ်"
ငါယိုး လေပေါလိုက်တဲ့ကောင်မ အရက်သောက်တာတောင်ကောင်းကောင်းမသောက်ရဘူး..
ဘယ်နှဲ့ စစ်ဆေးရေးလာလုပ်နေတယ်..။ဒိီလိုနဲ့အရက်ဆက်သောက်နေရင်း...တစ်ဖက်၀ိုင်းက လူတွေကလဲ ဇာမ်တို့မကြားကြားအောင်....
"ဟျောင့် ဟိုညီမလေးသနားပါတယ်။သူ့ဘဲကြီးက သိပ်အဖက်မလုပ်သလိုပဲ ငါတို့ အဖော်လုပ်ပေးလိုက်ကြမလား"
မျက်နှာပျက်သွားသော အိမ့်က ထိုလူတွေရဲ့ပြောစကားတွေကို ကြားပုံရတယ်။ဒီလို နေ့မျိုးမှာ ကြောင်တာတွေက ဇာမ်အတွက် အထူးအဆန်းမဟုတ်ပေမယ့် အရက်သောက်ထားတဲ့အရှိန်ကြောင့် အချိန်မရွေးထရန်ဖြစ်မိမှာကိုသာ ဆိုးရသည်။ဒါတွေကြောင့် မေမေ့ကိုပြောတာ အိမ့်ကိုမထည့်ပါနဲ့ဆိုတာကို အိမ့်မပါရင်မသွားရဘူးဘာညာလုပ်နေတာ...အိမ့်ကိုမချစ်ပေမယ့် အိမ့်ကလှတော့ အနည်းနဲ့အများစိတ်ပူမိလေတာမဆန်း....
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...