ဒီနေ့ည ဇာမ်တို့ သူငယ်ချင်းတသိုက် ကားပြိုင်မောင်းဖို့ အဝေးပြေးလမ်းမကြီးအပေါ်ရောက်နေကြပီ။ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း၃ယောက်ရယ် ကြောင့် စုစုပေါင်းကား၄စီး။တစ်ဖက်အသင်းဘာညာမရှိဘဲ အရင်ဆုံးရောက်တဲ့သူ နိုင်တယ်လို့သာ သတ်မှတ်ထား။ည၁၀နာရီလောက်ဆိုတော့ မိုးကသိပ်ချုပ်လှပီလည်းမဟုတ်
ကားပြိုင်ပွဲတွေဆို တော်တော်များများ ဇာမ်အနိုင်ရတတ်သည်။ဒါက တော်တယ်ဆိုတာထက် ညစ်တယ်လို့ဆိုပိုမှန်ပေလိမ့်မယ်။၄ယောက်စလုံးအဆင်သင့်ဖြစ်တာနဲ့ ကားစတင်ပြိုင်မောင်းကြသည်၊အစပိုင်းမှာတော့ မိုးထိကြည့်က အနိုင်ရထားပေမယ့် ဇာမ်က အရှိန်ပိုတင်လိုက်တဲ့အခါမှာတော့ မိုးထိကြည့်ကိုအသာရသွားလေသည်။အနိုင်လိုချင်စိတ်သာ အဓိကဖြစ်တာကြောင့် ၄ယောက်စလုံး သူနိုင်ကိုယ်နိုင်သာမောင်းနေကြသည်။အဆိုးဆုံးကတော့ဇာမ် အနိုင်ရချင်တာထက် ရှုံးရမာပိုဆိုးတာနဲ့ ဇွတ်တွေအရှိန်တင်လိုက်သဖြင့် တစ်ဖက်ခြမ်းက လာတဲ့ ခရီးသည်ကားခေါင်းကို အရှိန်ပြင်းပြင်းနဲ့ ထပ်တိုက်၀င်တိုက်မိလေသည်။
(A/N)သေရောပဲအဲ့မာ နှောင်းကလဲရင်ကွဲနာကျ သေ
နှစ်စီးစလုံးက လူတွေဘာမှမဖြစ်ပေမယ့် ဇာမ်ကားကအရှိန်နဲ့ရောဖြစ်တာကြောင့် လွင့်ထွက်သွားပီး အရှေ့ကသစ်ပင်ကို၀င်တိုက်မိလေသည်။ ဇာမ်သူငယ်ချင်းတွေလဲ ကားပေါ်ကဆင်းကာ ဇာမ့်ကားဆီသို့အမြန်ပြေးသွားလိုက်။ကြီးကြီးမားမားမဖြစ်သွာပေမယ့် အားနဲ့၀င်တိုက်မိတာကြောင့်ခေါင်းကလည်းသွေးတွေတောက်လျှောက်စီးကျလာလေသည်။"ဇာမ် ဟျောင့် သတိထားဦး ဇာမ်"လို့ခေါ်သံတွေအဆုံး လောကကြီးနဲ့အဆက်သွယ်ပြတ်သွားသဖြင့် ဘာသံမှထပ်မကြားရတော့ချေ။တစ်ဖက်ကားက ခေါင်းထိပ်ပိုင်းပဲထိတာဖြစ်၍ ခရီးသည်တွေတော့ သိပ်မထိခိုက်ကြ။ကားဆရာကတော့ ဇာမ့်နည်းတူပင်အတိတ်မေ့သွားလေသည်။လူနာတင်ကားအမြန်ခေါ်လိုက်ကြကာ ဆေးရုံသို့ပို့ရန်အလောတကြီးစီစဥ်နေကြသည်။
ဆေးရုံကိုရောက်တော့ အခြေအနေသိပ်မဟန်တော့ operation ခန်းအမြန်၀င်ရသည်။ထို့နောက် ဇာမ့်သူငယ်ချင်းတွေက ဇာမ့်အိမ်သို့ဖုန်းဆက်အကြောင်းကြားကာ တောင်းပန်စကားပြောကြသည်။ဆေးရုံသို့အမြန်လိုက်လာခဲ့ဖို့လဲပြောလိုက်သေး။
BẠN ĐANG ĐỌC
မောင့်နှောင်းငယ် (Complete)
Lãng mạnမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...