ဒီနေ့ ဇာမ့်အဖေအိမ်သို့ ထမင်းစားသွားရမှာဖြစ်သဖြင့် စောစောစီးစီးထကာ ပြင်ဆင်နေရသည်။ စျေးသို့သွားကာ အသီးခြင်းလဲ၀ယ်ရသေးသည်။ထို့နောက် အဖြူလက်ရှည်နဲ့ နက်ပြောင်ရောင်ပုဆိုးကိုတွဲ၀တ်လိုက်သည်။ရေမွှေးနည်းနည်းစွတ်လိုက်ပြီး ကတ္တီပါ ဖိနပ်အသစ်ထုတ်ကာ စီးလိုက်သည်။နောက်တော့ TAXIငှားကာ ဇာမ်အိမ်ရှိရာသို့ သွားလိုက်သည်။
(A/N) ဒီနေရာမှာ နှောင်းတစ်ယောက်ထဲကိုခေါ်တာမဟုတ်ဘူးနော်။ဇာမ့်အဖေက နှောင်းတို့ဆရာပဲ ဆရာကြီးတပည့်တွေစုပြီးခေါ်ထားတာ")
အိမ်က တိတ်ဆိတ်ငြိမ်သက်တဲ့ရပ်ကွက်ထဲမှာရှိသည်။တိုက်အမြင့်ကြီးတွေသာစုနေပြီး ခြံတွေလဲကျယ်ကြသည်။လမ်းတစ်လမ်းလုံးလည်းသန့်ရှင်းနေကြပြီး အိမ်တိုင်းမှာ အနည်းဆုံး ကား၂စီးလောက်တော့ရပ်ထားကြသည်။
တစ်အိမ်နဲ့တစ်အိမ်လည်း အတော်အတန်ကွာဝေးသည်။ခဏအကြာတော့ "ဇာမ့်စံအိမ်" ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတဲ့ အိမ်ရှေ့သို့ရောက်လာခဲ့သည်။ခြံရှေ့၌ ငှားလာတဲ့ Taxiကိုရပ်ခိူင်းလိုက်သည်။နောက်တော့ ခြံစောင့်ဦးလေးကြီးက တံခါးလာဖွင့်ပေးသည်။ခြံထဲကနေ အိမ်ကိုရောက်ဖို့ အတော်ဝေးသည်။ကားနဲ့ဆို သိပ်မဝေးပေမယ့် လမ်းလျှောက်လာခဲ့တဲ့နှောင်းဖ်ု့တော့ အတော်ဝေးသည်။သစ်ပင်တွေကို ညီညီညာညာစိုက်ပျိုးထားပြီး ရေတံခွန်အသေးလေးလည်းရှိသည်။ရေတံခွန်ကနေကျလာတဲ့ရေနဲ့ ရေကူးကန်အကြီးကြီးလဲလုပ်ထားသေးသည်။လမ်းတစ်လျှောက်လုံး အုတ်သမံသလင်းခင်းထားပြီး ရေတံခွန်နားကို မြတ်ပင်တွေအညီစိုက်ထားသည်။လမ်းတစ်လျှောက်လည်း ဧည့်သည်တွေ၏ ကားကို အစီအရီရပ်ထားသည်။စံအိမ်ရှိရာလမ်းသို့ သူလမ်းလျှောက်သွားနေစဥ်မှာပဲ ဇာမ်မင်းဆက် အိမ်ထဲကပြေးထွက်လာသည်ကို တွေ့ရသည်။ဇာမ်တစ်ယောက် သူရှိရာကိုဦးတည်လျှက် အမြန်ပြေးထွက်လာသည်။နောက်တော့ သူ့လက်ထဲက အသီးခြင်းကို ဆွဲယူလိုက်ကာ
"ဘာတွေလျှောက်၀ယ်လာတာတုန်းကိုကိုရ လေးအောင်"
နှစ်ယောက်သားအတူ ယှဥ်တွဲကာ လမ်းလျှောက်သွားရင်း
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...