Extra(Uni/ZG)

515 11 2
                                    

Scroll down for Zawgyi font 👇🏼

နဖူးပေါ်ကခပ်နွေးနွေးအနမ်းကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့ ဇာမ်ကလက်တစ်ဖက်ပေါ်ခေါင်းတင်ထားလျှက် သူ့ကိုပြုံးကြည့်နေလေသည်။

နှောင်းလဲ ချက်ချင်းဆိုသလို သူ့ရင်ခွင်ထဲပိုတိုးကပ်မိတော့ ဇာမ့်လက်ကသူ့ကျောကို အသာယာပွတ်သပ်တော့သည်။

ထို့နောက် ကဗျာကယာဘေးကိုဝေ့ကြည့်မိတော့ သားကိုမတွေ့

"မောင် သားရော"

ထိုအခါဇာမ်က နဖူးပေါ်ကသူ့ဆံနွယ်တွေကိုအသာအယာသပ်တင်ပေးရင်း

"ခုနကပဲ မေမေတို့လာခေါ်သွားတယ်"

"ဟင့်ဟုတ်လား ငါလဲမနှိုးလိုက်ပါလား"

ထိုအခါဇာမ်ကရယ်လျှက်

"ဟုတ်ပါ့ဗျာ မောင့်ယောကျာ်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့ မနိုးလိုက်ဘူး"

ဇာမ့်စကားကို သူပါပြုံးရင်း

"မေမေတို့ကဘာလို့လာခေါ်သွားတာလဲ"

"ဟော ခင်ဗျား မေ့နေတာတော့မဟုတ်ဘူးမလား"

သူ့စကားကြောင့် နှောင်းလဲ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်မိတော့ အော့ ဟုတ်သား ဒီနေ့ အိမ်ထောင်သက်၅နှစ်ပြည့်တဲ့နေ့ပဲ အိမ်ထောင်သက်၅နှစ်ပြည့်ခဲ့သလို သားလေးရဲ့အသက်ဟာလဲ ၃နှစ်တွင်းရောက်ခဲ့လေပြီ။

သူလဲတက်နိုင်သမျှ သွားကိုဖြီးရင်း ဇာမ့်ကိုမော့ကြည့်တော့ စူးစူးစိုက်စိုက်ကြည့်နေတဲ့ဇာမ့်မျက်လုံးတွေကို ခလုတ်တိုက်မိတော့သည်။

"မောင်ကလဲ ငါမမေ့ပါဘူး ရုတ်တရက်မို့လေနော်"

လက်မောင်းကိုလှုပ်ဆွဲကာပြောတော့ ဇာမ်ကသက်ပြင်းတစ်ချက်ချသည်။

"ကိုကို ခင်ဗျားပေါ့သွားပြီဗျာ"

ထိုစကားကြောင့်ခေါင်းကိုအသွင်သွင် ခါရမ်းရင်း

"မောင်ကလဲ နှောင်းမမေ့ပါဘူးဆိုနော် တကယ်ပြောတာ မောင့်အတွက်နှောင်းလက်ဆောင်တောင်ပြင်ထားသေး"

အခုနောက်ပိုင်းနှောင်းစစ်တစ်ယောက် ဇာမ့်ကိုချွဲချင်တဲ့အခါဖြစ်ဖြစ် အပြစ်လုပ်ထားမိတဲ့အခါဖြစ်ဖြစ် သူ့ကိုယ်သူ "နှောင်း" ဟုအစားထိုးပြောတတ်လာသေးသည်။

မောင့်နှောင်းငယ် (Complete)حيث تعيش القصص. اكتشف الآن