Ep-19 uni

957 61 15
                                    

ဇာမ့်ဆီကရည်းစားစကားအပြောခံထားရတာခုဆို ၁လပြည့်ပီ။ဒီ၁လအတွင်းလဲခါတိုင်းလို ပုံမှန်ပဲ။အဖြေသာပြန်မပေးရသေးတာ ဒီကောင်လေးသူလုပ်ချင်တိုင်းကိုလုပ်နေတာ။အဖြေကလည်းပြန်​ပေးဖို့အစီစဥ်မရှိပါဘူး။ဖြစ်နိုင်သမျှတော့ဒီအတိုင်းလေးပဲနေဦးမယ်...

အခုဇာမ်တို့ စာမေးပွဲအတွင်းဆိုတော့ ဒီကောင်လေးကို အရင်ကထက်ပိုစာလုပ်ခိုင်းနေရတယ်။အရင်ကထက်ပိုဆိုမှ အရင်ကလုပ်ကိုမလုပ်တာ။ဆေးကျောင်းတက်နေပီးစာမလုပ်တဲ့ကျောင်းသား ဇာမ်မင်းဆက်အပြင်ရှိဦးမလား။အခုတော့ စာကြိုးစားပမ်းစားလုပ်နေပါပီ။နေ့တိုင်းကျောင်းဆင်းတာနဲ့အိမ်လိုက်လာပီးစာကျက်တာ ည၉နာရီကျော်မှပြန်တယ်။တစ်ချို့နေ့တွေဆိုညအိပ်သေးတာလေသူက။ပီးရင် ဒီဆရာက သူစားဖို့ဟင်းတွေဘာညာက ချက်ကျွေးရသေးတယ်။ဒီကြားထဲ ရရင်ရသလို အမောပြေအာဘွားလေးပေးပါဦးက လုပ်သေးတာ။လူလည်ကောင်

မကြာခင်နေ့လည်စာစားချိန်ရောက်တော့မယ်။နှောင်းဒီနေ့လူနာတွေပတ်ကြည့်နေရတာနဲ့အားကိုမအားနိုင်ဘူး။နေ့လည်စာစားဖို့ ၅မိနစ်ပဲလိုတော့တာနဲ့ အခန်းကိုအလောတကြီးသွားရတော့သည်။မဟုတ်ရင် ဇာမ်မင်းဆက်က သူရောက်တာနဲ့ အခန်းထဲမှာရှိမနေရင် စိတ်ဆိုးသေးတာ။ကိုယ်ကဆရာ၀န်ဆိုတာများ သူမေ့နေလေသလား။
ဘာပဲပြောပြော မီးဘေးရှောင်၊မလောင်ခင်တား ပေါ့။၄ထပ်ကလူနာဆောင်တွေဆီကနေ အောက်၂ထပ်မြောက်ကိုဆင်းဖို့ လှေကားဘက်ကိုသွားလိုက်သည်။ဓာတ်လှေကားစီးရင်ရပေမယ့် အရင်တစ်ခေါက်က စီးရင်းမီးပျက်သွားမာဆိုးသောကြောင့် ထပ်မစီးရဲ။အဲ့တုန်းက လူကပိတ်လှောင်နေတော့ အန်ချင်တာတွေရော၊သရဲတွေဘာတွေပါ စိတ်ကလျှောက်တွေးမိပီး သေတော့မလို။နှောင်းကအရင်ကတည်းက အမှောင်ကြောက်တာလဲပါမယ်။

(A/N) မတူတော့ဘူးဘရိုရေ၊တို့ကကျ အမှောင်ကြိုက်တာ<3

"နှောင်း"

လှေကားကနေဆင်းနေရင်း အနောက်ကနေ နာမည် လှမ်းအခေါ်ခံလိုက်ရသောကြောင့် ဆင်းလိုက်စခြေလှမ်းတို့ကို ရပ်လိုက်ပီး အနောက်ကိုလှည့်ကြည့်လိုက်တော့ မြန်မာ၀တ်စုံလိမ္မော်လေးကို နှုတ်ခမ်းနီနီရဲရဲဖြင့် တွဲဖက်၀တ်ဆင်ထားသော မိန်းမပျိုတစ်ဦး။ဂျူတီကုတ်၀တ်ထားပီး ဆံထုံးပါထုံးထားသေး။ထိုသူသည် အခြားသူမဟုတ် "နန်း" ။
နန်းဆိုမှ ဟိုတလောက စကားများပီးကတည်းက နန်းနဲ့မတွေ့ဖြစ်။တကူးတက ရှောင်နေတာမျိုးမဟုတ်ပဲ သူ့အလုပ်ကိုယ့်အလုပ်နဲ့ဆိုတော့ အချင်းချင်းမတွေ့ဖြစ်တာမျိုး။မတွေ့ရတဲ့အတောအတွင်း နန်းမျက်နှာချောင်ကျသွားသည်။

မောင့်နှောင်းငယ် (Complete)Место, где живут истории. Откройте их для себя