Ep-36 (uni)

560 25 4
                                    

"သားဇာမ် ကလေး ဘယ်လိုဖြစ်တာလဲကွယ်"

မိုးရေစက်တွေကြောင့် စိုရွဲနေသော ခန္ဓာကိုယ်နှင့် မိခင်ရှိရာသို့သွားကာ တင်းတင်းကြပ်ကြပ်ဖက်လိုက်တော့ စိုးရိမ်စိတ်နဲ့အတူမေးလာသောအမေ၏စကားများ။ပုခုံးပေါ်မျက်နှာအပ်ရင်း အသံမထွက်အောင်ငိုလိုက်မိတော့ အမေ့ကိုသူ့ကိုချော့မြူလေသည်။ထူးဆန်းသည်က ထိုအချိ
န်တွင် အမေရောသူပါ ငိုနေခဲ့ကြခြင်းဖြစ်သည်။

____________________________

ညနေကတည်းက ရွာနေသောမိုးသည် ယခုအချိန်ထိ အရှိန်မသေသေး။တိတ်ဆိတ်နေသော အခန်းကို အပြင်ဖက်၌ တဖွဲဖွဲရွာကြနေသော မိုးသံများက ဖုံးအုပ်ထားသေး။မှောင်မဲတိတ်ဆိတ်နေသော အခန်းတွင်း မိုးသံမှလွဲ၍ ဘာဆိုဘာမှမကြားရ။ခဏအကြာတွင်တော့ မီးဖွင့်လိုက်သော ခလုတ်သံခပ်တိုးတိုးလေးနှင့်အတူ အလင်းရောင်တချို့အခန်းအတွင်းသို့ ဖြတ်သန်း၀င်ရောက်လာတော့သည်။ခြေသံခပ်တိုးတိုးနဲ့အတူ ၀င်ရောက်လာသည်က အဖေဖြစ်သူ

"ဇာမ် ငါ့သား ဘာလုပ်နေတာလဲ"

ကုတင်ကိုမှီလျှက် မျက်နှာကျက်ကိုမော့ကြည့်နေသော အမျိုးသားမှ ထိုအခါတွင် အာခေါင်မှခြစ်၍ လာသော အသံနဲ့ ပြန်ဖြေလိုက်သည်က

"ဘာမှမလုပ်ပါဘူးဒယ်ဒီ"

"ဘာမှမလုပ်တဲ့ကလေးကလည်းကွာ အမှောင်ထဲထိုင်နေစရာလားကွ"

ပြောရင်း သားဖြစ်သူ၏ဘေးသို့ ခြေဆောင့်ကာ ၀င်ထိုင်လိုက်တော့ ခပ်စောင်းစောင်းမြင်နေရသည့် မျက်နှာပေါ်နုနုဖက်ဖက်ထက်က မျက်ရည်တစ်ချို့။
လက်ဖြင့် မျက်ရည်စများကို အသာပွတ်ဆွဲသုတ်ပေးလိုက်တော့ အားကိုးတကြီးပြန်လည်ကြည့်လာသော သားဖြစ်သူ၏မျက်လုံးများ....ဒီတစ်ကြိမ်တွင်တော့ သူ့သားကိုဒီထက်ပို လျစ်လျူမရှုနိုင်တော့

"သား ဒယ်ဒီပြောပြမယ်နားထောင်။မင်းတို့အရွယ်ကအချစ်ဆိုတာကြီးကိုတစ်ဘ၀ကြီးလို့မှတ်ယူကြတယ်။အသည်းကွဲတယ်ခံစားတယ် ခံစားလိုက်စမ်းပါငါ့သားရာရဲရဲကြီး ဒါပေမယ့် မကောင်းတဲ့လမ်းမရောက်အောင်တော့ ဒယ်ဒီတို့မိဘတွေက ပြုပြင်လမ်းညွှန်ရမယ်မဟုတ်လား။နှောင်းစစ်ဆိုတာ တကယ်လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ဒယ်ဒီ့အတွက်အားကိုးရတဲ့တပည့်တစ်ယောက် ယုံကြည်ရတဲ့လူတစ်ယောက်ပဲ။အဲ့လိုလူနဲ့ချစ်ကြိုက်တာက အဆိုးထဲကအကောင်းပဲ။ဒီခေတ်မှာ မိန်းမလည်တွေယောကျာ်းလည်တွေသိပ်များတာကွ ဒါကိုငါ့သားက လူရွေးသိပ်တော်တယ်လို့ဒယ်ဒီပြောရမယ်"

မောင့်နှောင်းငယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ