"မေးလို့လား ငါကမင်းဘာလို့သူ့ကိုခေါင်းစီးပေးတာလဲဆိုတာကိုရော သိချင်နေမယ်ထင်လို့လား"
"ဘာလဲမသိချင်ဘူးလား"
"ပြောကြည့်လေ ရင်ထဲပေါ့သွားတာပေါ့"
"ဟားဟား ကိုကိုကသိပ်လည်တယ်၊ဒီနေ့ကသူ့မွေးနေ့လေ အဲ့တာမွေးနေ့လက်ဆောင်အဖြစ် ခေါင်းစီးပေးပါဆိုလို့ ကျွန်တော်ကစီးပေးတာ"
"စောက်ဆန်းကြီး"
"စောက်ရူးမလေ"
"ဟင် မင်းညီမဆို"
"ညီမလဲ သူရူးနေတာ ဘေးကကြည့်ရုံနဲ့သိတာပဲ၊ဘာတွေပြောမှန်းမသိဘူး ပန်းတွေအကြောင်းပြောလိုက်နဲ့"
"သူက new yearကတစ်ယောက်မလား"
"ကိုကိုကမှတ်မိနေတာလား"
"အင်း အစကမင်းကိုတွေ့ဖူးတယ်လို့ထင်နေမိတာ ဒီနေ့သူ့မြင်မှ မှတ်မိလာတာ"
"ဟုတ်တယ် ကျွန်တော်က ကိုကိုမမှတ်မိဘူးထင်နေတာ"
"ငါလဲမသိဘူး သူ့အလိုလိုကိုမှတ်မိနေတာ"
"ဒါဆို ကိုကိုကရော ဒီနေ့ဘာလို့မနန်းနဲ့တွေ့တာလဲ"
"ဒီတိုင်း...ကိစ္စလေးရှိလို့ပါ"
"ဘာကိစ္စလဲ"
"မင်းစည်းကျော်နေတယ်မထင်ဘူးလား"
"စည်း ဟားဟား ဘာလဲဆရာနဲ့တပည့်ဆိုတဲ့စည်းလား"
"အို...ဒါကလွဲရင်ဘာစည်းရှိသေးလို့လဲငါတို့ကြားမှာ"
"ကိုကို တကယ်ပြောနေတာလား"
"ငါကနောက်နေတယ်ထင်လို့လားဇာမ်"
အကြည့်ချင်းစုံလျှက် မျက်ခုံးတစ်ဖက်ပင့်ကာ မေးလာတဲ့ကိုကို့အမေးကြောင့် ပြန်ဖြေစရာအဖြေကမရှိ၊ဒီစကားကရင်ဘတ်ကြီးတစ်ခုလုံး အောင့်နေအောင်ထိ ခံစားစေမှန်းကိုကိုမသိတာဖြစ်မယ်
"မထင်ပါဘူးကိုကိုရာ ကိုကိုကသိပ်တော်လွန်းတယ်"
အဖြေပြန်မလာတဲ့နှောင်းမျက်နှာကို တည့်တည့်ကြည့်ကာ ဇာမ်ပြောလိုက်တဲ့စကားက..
"မျှော်လင့်ချက်တွေပေးပီးကစားတဲ့နေရာမှာလေ....ဒါကြောင့်ကိုကိုဆရာ၀န်ဖြစ်နေတာဖြစ်မယ်"
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...