Ep-24 uni

793 61 48
                                    

ဒီနေ့ဆိုဇာမ်နဲ့နှောင်း ချစ်သူသက်တမ်း၂လပြည့်ခဲ့ပြီ။
ဒါပေမယ့်နှစ်ယောက်စလုံး ဂျူတီတွေရှိသေးတာကြောင့် ညနေဆေးရုံအပြန်မှသာ dateရန်စီစဥ်ထားသည်။ခက်တာကလည်း ဒီနေ့မှ နှောင်းခေါင်းတအားမူးနေသည်။ဒီပုံစံအတိုင်းဆို ညနေdateဖို့မလွယ်။ဇာမ်မင်းဆက်ကလည်းဘာတွေဂျီကျဦးမလဲမသိ။အဲ့တာကြောင့် နေ့တ၀က်နားပြီး တရေးတမောအိပ်ရမည်။တော်ကြာ ဒီလိုနေ့မျိုးတောင် မလည်ပေးဘူးဆိုပြီး ငရစ်ကရစ်နေလောက်သည်။

ဆေးရုံနေ့တစ်၀က်duty ချိန်းပြီးအိမ်ပြန်ရန်လုပ်လိုက်သည်။ဇာမ်မင်းဆက်ကိုဖုန်းဆက်ပြီး အသိပေးမလို့လုပ်ပေမယ့် စာသင်နေမှာဆိုးလို့ မက်ဆေ့တစ်ဆောင်သာပို့ထားလိုက်သည်။
ညနေမှလာခေါ်ရန်လည်းပြောထားသေးသည်။ထို့နောက်တော့ ဆေးရုံရှေ့က taxiငှားကာ တိုက်ခန်းသို့ပြန်လာခဲ့လိုက်သည်။

အိမ်ပြန်ရောက်မှ လူကဖျားချင်သလိုလိုနဲ့ ကိုယ်တွေပူလာခဲ့သည်။ဆေးသောက်ထားပေမယ့်လည်းအိပ်မပျော်...ထိုချိန် ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်တော့

"ဟယ်လို"

"အော် နန်း"

နန်းက သူ့အပေါ်တော်တော်သံယောဇဥ်ရှိသည်။နန်းက နှောင်းထက် အစစအရာရာသာပေမယ့် အမြဲနှောင်းကိုဆို ဂရုတစိုက်ရှိသည်။ငယ်ငယ်ကတည်းကမိဘမဲ့ကျောင်းမှာနေရတဲ့နှောင်းကို အမြဲဦးစားပေးသည်။၁၀တန်းအရွယ်ရောက်တော့လဲ ကျူရှင်မတက်နိုင်သည့်နှောင်းကို နန်းကပဲအမြဲကူညီလေ့ရှိသည်။နောက်ပတ်၀န်းကျင်ကြောင့် နှစ်ယောက်သား ထင်ယောင်ထင်မှားဖြစ်ကာ တွဲဖြစ်သွားသည်။ဒါပေမယ့် ခံစားချက်မပါခဲ့ကြလို့လားမသိ နှစ်ယောက်သား လမ်းခွဲတော့လဲ အဆင်ပြေပြေနဲ့ ယနေ့အထိ ဆက်သွယ်နေတာကိုပဲကြည့်။နန်းက နှောင်းဆေးရုံက ပြန်သွားတယ်ဆိုလို့ ဖုန်းဆက်မေးခြင်းဖြစ်သည်။

"အင်းဟုတ်တယ် အိမ်ပြန်လိုက်တာ ခေါင်းမူးနေလို့"

"ရပါတယ် မပို့ပါနဲ့ ငါကလည်းအရမ်းဖျားနေတာမဟုတ်ပါဘူး နောက်ပြီး နင်အလုပ်လဲရှိသေးတယ်မလား"

တစ်ဖက်က နန်းက နှောင်းနေမကောင်းတဲ့အတွက် ဆန်ပြုတ်ချက်ပြီး လာပို့မယ်ပြောနေသဖြင့် နှောင်းလဲအားနာနာနဲ့ငြင်းနေရသည်။ဘာလို့ဆို နှောင်းလဲအရမ်းနေမကောင်းနေတာမဟုတ်၊သူကလဲ အလုပ်နဲ့အကိုင်နဲ့။သက်သက်မဲ့နှောင်းကြောင့် အလုပ်ပိုတာမျိုးမဖြစ်စေချင်ပါ

မောင့်နှောင်းငယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ