Ep-11 uni

1.1K 87 42
                                    

မနက်အိပ်ယာနိုးတော့ ဖုန်းထဲက အိမ့်ပို့ထားတဲ့ "နီညိုရောင် ချည်ပုဆိုးလေး၀တ်ခဲ့ပါ"ဆိုတဲ့ စကားကြောင့် မွေးနေ့ရှင် စိတ်တိုင်းကျ အကျီအဖြူလက်ရှည်နဲ့ နီညိုရောင်ချည်ပုဆိုးလေး၀တ်ကာ ဆံပင်ကို ဂျယ်နဲ့အပေါ်လှန်တင်လိုက်သည်။သွေးကြောစိမ်းစိမ်းလေးတွေပေါ်နေတဲ့ လက်အထက်မှာ ၀တ်ထားတဲ့ rolexနာရီတစ်လုံးက အပြင်ပန်းကြည့်တာနဲ့တင် တန်ဖိုးကြီးမှန်းသိသာနေသည်။အရီအပြုံးသိပ်ရှားလှတဲ့ မျက်နှာမှာ တစ်ခါပြုံးလိုက်တိုင်း ပေါ်ပေါ်လာတဲ့ပါးချိုင့်ကလေးက ကြည့်လို့မ၀

ဇာမ်လဲကားထုတ်ကာ အိမ့်အိမ်သို့မောင်းခဲ့လိုက်သည်။အိမ့် အိမ်နဲ့သိပ်တော့မဝေး အလွန်ဆုံး ၁၅မိနစ်သာကြာတတ်၊အိမ့် အိမ်ရှေ့ရောက်တော့ အန်တီတို့ကိုဆင်းနှုတ်မဆက်ရင်လည်းမကောင်း ယဥ်ကျေးမှုကလဲရှိသေးတော့ အိမ်ထဲသို့၀င်ရန်ဆုံးဖြတ်လိုက်။အိမ်ထဲ၀င်၀င်ချင်း အိမ့်အမေနဲ့ထိပ်တိုက်တွေ့လေသည်။

"အော် ဇာမ်သားလေး လာပီလား"

"ဟုတ်အန်တီ အိမ့်ရော"

"ဆင်းလာပါလိမ့်မယ်တော် သူ့ကိုကိုကလိုက်ပို့မာမို့တဲ့ မနေ့ညကတည်းကပျော်နေတာ"

ဇာမ်လဲဘာမှပြန်မပြောပဲ တစ်ချက်သာရီပြလိုက်သည်။ထို့နောက် အန်တီမေကပဲ ဆက်၍စကားပြောလေသည်။

"အိမ့်ကလူကြီးဖြစ်နေပီဇာမ်ရေ မင်းညီမကိုအနီးကပ်ကာကွယ်စောင့်ရှောက်သင့်တယ်မထင်ဘူးလား"

ထိုချိန် အိမ်အပေါ်ထပ်က ဆင်းလာသောအိမ့်က လှေကားတစ်၀က်မှာရပ်၍

"မေမေကလဲ အိမ့်ကဆိုးနေလို့လား"

နီညိုရောင်၀မ်းဆက်ကို၀တ်ကာ ဆံပင်လှိုင်းတွန်းကလေးများကိုချထားသော အိမ့်က လူကြီးတစ်ယောက်လိုပြင်ဆင်ထားပေမယ့် မျက်နှာသေးသေးလေးကြောင့် လူကြီးပုံစံဖမ်းထားသော ကလေးမှန်းသိသာစေသည်။

"ဒါဆို ညည်းကမဆိုးဘူးလား ပြောစမ်းပါဦး"

"ဟာ မေမေကလဲ ၊ကိုဇာမ်ရောက်နေတာကြာပီလား"

"မကြာသေးပါဘူး"

"သားနဲ့သမီးသွားတော့လေ နောက်ကျနေမယ်"

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora