"ကိုကို"
"အေး"
စာအုပ်ဖတ်ရင်းပြန်ဖြေလိုက်ပုံက စာအုပ်ထဲကိုစိတ်အပြည့်နှစ်ထားမှန်းသိသိသာသာ
"ကိုကိုလို့"
"အေးလို့"
တကယ်တော့ ဇာမ်တစ်ယောက်စကားစပြောဖို့ရာခက်နေတာပဲဖြစ်တယ်၊ဘာလို့ဆို သူနှောင်းစစ်ကို တောင်းဆိုစရာတစ်ခုရှိနေတယ်လေ
"ဟိုလေ သိတယ်မလား"
"ဇာမ်မင်းဆက် စောက်ရစ်လာရှည်မနေနဲ့ ပြောစရာရှိတာပြောစမ်းပါဟ"
"ကျွန်တော်တစ်ယောက်တည်းမအိပ်ရဲလို့ တူတူလာအိပ်ပေးပါ့လားလို့"
"အမ် ဘာကြီး"
"ကြောက်...ကြောက်လို့"
"အေးဘာလို့ကြောက်တာလဲလို့"
"တစ်ယောက်တည်းမို့"
"တစ်ယောက်တည်းဆိုတာသိတယ်လေ ဘာကိုကြောက်တာလဲ၊ခါတိူင်းလဲ တစ်ယောက်တည်းအိပ်နေကျလေ"
"မတူဘူးလေ ခါတိူင်းဆို ဆေးရုံက ညဆိုအိပ်ဆေးပေးတော့အဲ့တာကြောင့် အိပ်ပျော်တာ"
"ခုကရော"
"ခုမပေးတော့ဘူး"
"မပေးဘူးဆိုတာမင်းသက်သာလို့ပေါ့ သွားဆေးရုံကဆင်းတော့"
"ဟာ ဒီ၁ညပါပဲ၊ဒါပီးရင်ဆင်းမာလေ"
"ဒီနေ့ဆင်းတော့ဘာဖြစ်မာမို့လဲ"
"မပြန်ချင်သေးဘူးဆို မပြန်ဘူးဗျာ၊ညအိပ်မာလားမအိပ်ဘူးပဲပြော"
"မအိပ်ဘူး"
ဇာမ် ထိုင်နေရာက ထထွက်ကာ ကုတင်ပေါ်တက်သွားလိုက်သည်။နောက် ဘာစကားမှထပ်မပြောတော့ပဲ စောင်ကိုဆွဲကာပီးခေါင်းမူးခြုံထားလိုက်တော့သည်။
5မိနစ်10မိနစ်15မိနစ် အတော်ကြာသည်အထိ စောင်ထဲကထွက်မလာတဲ့အပြင် ဘာအသံမှလဲမဆို။နောက်ဆုံးမနေနိုင်တဲ့အဆုံး နှောင်းကပဲ
"ဇာမ်မင်းဆက် ငါသွားတော့မယ်"
"ဇာမ်မင်း....ဆက် ရေ သွားတော့မယ်လို့"
"သွား"
စောင်ထဲကနေပြန်ပြောလာတဲ့စကားလုံးတစ်လုံးက "သွား"တဲ့
KAMU SEDANG MEMBACA
မောင့်နှောင်းငယ် (Complete)
Romansaမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...