မနေ့ညကဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် နှောင်းတစ်ယောက်ကတော့အိပ်မပျော်ခဲ့...ရင်ခုန်ရ၍လား ဒါမှမဟုတ် ငြင်းခဲ့မိသည်ကြောင့် စိတ်မကောင်းလို့လားဆိုတာကိုတော့ နှောင်းကိုယ်တိုင်ကပဲသိလိမ့်မည်။
ပုံမှန်နေ့တွေအတိုင်းဆေးရုံကိုသွားဖို့ပြင်ဆင်နေလိုက်သည်။ခါတိုင်းနဲ့မတူတာက အလုပ်သွားဖို့ပြင်ဆင်နေတိုင်း good morningဆိုတဲ့စာလေး၀င်မလာတာပဲဖြစ်သည်။သူအလုပ်တိုင်းဖို့ပြင်ဆင်နေတဲ့အချိန်ဆို ဇာမ်မင်းဆက်အိပ်ယာနိုးချိန်ဖြစ်ပေလိမ့်မည်။ဘာကြောင့်ဆို သူနဲ့အပြန်အလှန် morningဆိုသည့်စာပို့ပီးသည်တိူင်း "ကျွန်တော် မျက်နှာသစ်လိုက်ဦးမယ်နော်ကိုကို"ဆိုတဲ့စာလေးကြောင့်ပဲဖြစ်သည်။ဇာမ်ဘေးမှာရှိနေတုန်းက နွေးထွေးမှုကိုမေ့နေသည်လား.. နွေးထွေးမှုမရဖူးတဲ့ သူ့အတွက်တော့ မေ့နေခဲ့သည်ကမဖြစ်နိုင်။ရှိတုန်းကလဲ တန်ဖိုးထားခဲ့ပါလျှက် မရှိတော့လဲနောင်တရမိပြန်ပီ။ဘာတွေကများလွဲမှားစေခဲ့သလဲတော့မတွေးတတ်...
ဒီနေ့ဆေးရုံက ဟောပြောပွဲရှိသည်..ဘာတွေနားဒုက္ခပေးဦးမလဲတော့မသိ။ဒေါက်တာတချို့နဲ့ ကျောင်းသားတွေတက်ရမယ်တဲ့..သူနာပြုအနည်းငယ်လဲပါသေးသည်။ထို့ကြောင့်အဖြေစစ်နေတဲ့ စာအုပ်တွေကိုဘေးသို့ရွှေ့လိုက်ပီး ထိုင်နေရာမှထလိုက်သည်။တွန့်ကြေနေတဲ့ အ၀တ်အစားကို အနည်းငယ်ပြုပြင်လိုက်ပီး ဟောခန်းထဲသို့ထွက်လာလိုက်သည်။သူနာပြုအချို့နဲ့ကျောင်းသားတွေရောက်နေပြီဖြစ်သော်လည်း ဆေးရုံအုပ်ကြီးနဲ့
ဆရာ၀န်တချို့လဲကျန်သေးသည်။ဘာရယ်မဟုတ် ကျောင်းတက်တဲ့ ကလေးတွေ assemblyစီရင် crushကိုခိုးကြည့်သလိုမျိုး အခုနှောင်းလဲ ဇာမ်မင်းဆက်ကိုတွေ့လိုတွေ့ငြား ခိုးကြည့်လိုက်သေးသည်။ နေရာအစုံကိုကြည့်လိုက်ပေမယ့် မတွေ့မိသောကြောင့် မရောက်သေးတာဖြစ်နိုင်သည်။ခဏအကြာတော့ ဆေးရုံအုပ်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့်၀င်လာကြသည်။အခုလိုတွဲကြည့်မှ သားဖနှစ်ယောက် အတော့်ကိုတူတာပဲ။
လမ်းလျှောက်ပုံတွေကအစ အရပ်အမောင်းကလဲ သိပ်မကွာ ဇာမ်မင်းဆက်က နည်းနည်းပိုရှည်ရုံ၊ခန္ဓာကိုယ်အနေအထားဆိုလဲ အုပ်ကြီးက လူကြီးဆိုတော့ နည်းနည်းခပ်ပြည့်ပြည့်ဆိုပေမယ့် ရွယ်တူတွေကြားမှာဆိုရင်တော့နုတယ်ပြောရမယ်။ဒါတွေကြောင့် ဇာမ်မင်းဆက်နောက်မှာအရှိန်အ၀ါတစ်ခုခုရှိမှန်းသိသိသာသာ ဒီနေ့လက်တွေ့မြင်လိုက်ရသည်။အနောက်ကလိုက်ပါလာတဲ့ဇာမ်မင်းဆက်က လက်ရှိပစ္စုပ္ပာန်က ဇာမ်မင်းဆက်၊အရှေ့ကနေ အရှိန်အ၀ါကြီးစွာ လမ်းလျှောက်နေတဲ့ ဆေးရုံအုပ်ကြီးက အနာဂတ်က ဇာမ်မင်းဆက်....ဇာမ်မင်းဆက်၀င်လာကတည်းက ကောင်မလေးတချို့ အဓိကအားဖြင့် ဆေးကျောင်းသူတွေပေါ့ သမင်လည်ပြန်အောင်ထိလိုက်ငေးနေတာကြောင့် စိတ်ထဲစနိုးစနှောင့်ဖြစ်မိလေသည်။ဇာမ်မင်းဆက်က အနောက်ဆုံးတန်းက ထိုင်ခုံမှာနေရာယူလိုက်သည်။နှောင်းက ဇုမ်မင်းဆက်ရဲ့ မျက်စောင်းထိုး ၂ခုံကျော်နေရာမှာ...
ESTÁS LEYENDO
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...