Epilogue (uni)

960 28 4
                                    

၄နှစ်ခန့်ကြာသော်....

အူ၀ဲ~အူ၀ဲ~အူ၀ဲ

"အိမ့်ရေ အိမ့် မပြီးသေးဘူးလားကွ ဒီမှာကလေးငိုနေပြီ"

"လာပါပြီကိုဇာမ်ရဲ့ အိမ့်နို့ဗူးဖျော်နေလို့ပါ"

ကျွတ်ကျွတ်ကျွတ်

ပါးစပ်မှ ကလေးမြှူရင်း ကိုဇာမ့်လက်ထဲက ဇာမ်ပေါက်စကွေးလေးကိုအသာအယာချီခေါ်လိုက်သည်။

အခုဆိုကလေးက ၁နှစ်တောင်ပြည့်ပြီ ကိုဇာမ်တစ်ယောက်အခုထိ ကလေးကိုမချီတတ်သေး။ဒါတောင်နောက်ထပ်တစ်ယောက်မွေးဦးမတဲ့....ရင်လေးပါရဲ့

သက်ပြင်းကိုအသာချလိုက်ရင်း

"ကိုဇာမ် အိမ့်လိုအပ်တဲ့အထုတ်ပိုးတွေအကုန်ပြင်ပြီးပြီနော်"

"ဟုတ်ပြီ အိမ့် အကိုအထုတ်တွေကားပေါ်တင်ထားလိုက်မယ်။ကလေးနို့တိုက်ပြီး လိုက်လာခဲ့တော့နော်"

"ဟုတ်အကို"

လက်ထဲကမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတဲ့ ဇာမ်ပေါက်စကွေးကို မြှူရင်းနို့ဘူးတစ်ဘူးလုံးကို ကုန်အောင်စိတ်ရှည်လက်ရှည်နဲ့တိုက်လိုက်သည်။

နာရီကိုမော့ကြည့်တော့ ၁၂ထိုးဖို့ ၁၅မိနစ်သာလိုတော့သည်။

ကလေးကိုချီရင်း ကားအနောက်ခန်းသို့၀င်ထိုင်လိုက်သည်။ထိုအခါ ကားလေးတစ်စီးဟာ ခြံ၀င်းထဲမှ အလျှင်အမြန်ပင်မောင်းထွက်တော့လေသည်။

ဒီနေ့က ဇာမ်ပေါက်စကွေးရဲ့ ၁နှစ်ပြည့်မွေးနေ့။အမှတ်တရအနေနဲ့ မိဘမဲ့ကျောင်းကိုသွားပြီး
နေ့လည်စာကျွေးမွေးမည်။ထို့နောက် မရောက်တာကြာနေသည့် ကိုဇာမ့်မိဘအိမ်ကိုသွားကြမည်။

မြို့တစ်မြို့ထဲရှိနေပေမယ့် အလုပ်ကိုယ်စီကြောင့် တစ်ခါတွေ့ဖို့ကိုပင် ခက်ခဲလွန်းလှသည်။
အဖွားဖြစ်သူကလဲ ဇာမ့်ပေါက်စကွေးကိုတွေ့ချင်သည်ဟု ဆိုသောကြောင့်သာလျှင် မအားလပ်သည့်အချိန်ကြား အလည်သွားကြခြင်းပင်။

ကလေးကိုပေါင်ပေါ်မာမတ်တပ်ရပ်ခိုင်းရင်း မြှူသံပြုတော့ ဇာမ်ပေါက်စကွေးက လှုပ်စိခက်နေရော။

မောင့်နှောင်းငယ် (Complete)حيث تعيش القصص. اكتشف الآن