Ep-8 uni

1.2K 101 20
                                    

ဇာမ်လဲ မနေ့ညက ကိစ္စကြောင့် ကိုကို့ကိုစိတ်ဆိုးကာ ဒီနေ့တစ်မနက်လုံးစကားမပြောပဲနေရန်လုပ်ထားသည်၊နေနိုင်ပါ့မလားမသိ ကိုကို့ကိုမြင်တာနဲ့ ​အူနုကျွဲခတ်တတ်တဲ့စိတ်ကို ထိန်းချုပ်ရပေလိမ့်မည်။ဒီကောင်လေးက သူချစ်မှန်းသိလို့အကန်းတတ်နေတာနေမာ ဘယ်နှဲ့Exအကြောင်းတောင် လာပြောပြနေသေး တော်တော်ဆိုးတဲ့ကိုကို ....ပစ်ထားဦးမယ်။

နှောင်းလဲပုံမှန်နေ့တွေလို စာသင်နေပေမယ့် စာထဲစိတ်မပါတဲ့ဇာမ့်ကိုကြည့်ပီး သက်ပြင်းအကြိမ်ကြိမ်ချရသေး၊မျက်လုံးချင်းလဲ မစုံအောင် နေနေတဲ့ကောင်လေး ၊သူထင်တာမမှားရင် ဒီကောင်လေးစိတ်ဆိုးနေတာပဲဖြစ်မယ်

"ဇာမ်မင်းဆက် စာကိုအာရုံစိုက်"
နားနားသေချာကပ်ပြောလိုက်ပေမယ့် အဖက်တောင်အလုပ်မခံလိုက်ရ၊
စာသင်ချိန်ပီးတာနဲ့ အတန်းထဲကလဲတန်းထွက်သွားသေး၊သူတ်ု့gpက ဒီချိန်ဆို ဦးနှောက်အကြောင်းလက်တွေ့ဆင်းနေရမာ

နှောင်းလဲ လူနာတွေလိုအပ်သည်ကိုလိုက်လံကြည့်ရှုပီး နားနေခန်းထဲပြန်ကာ လုပ်စရာကျန်နေသေးသော အလုပ်များကိုသာဆက်လုပ်နေလိုက်သည်။

"ဒေါက်တာ gp4ကကျောင်းသားလေး ဒေါက်တာကိုတွေ့ချင်လို့ပါတဲ့"

nurseမရဲ့စကားသံအဆုံး ဇာမ် ဒီကောင်လေးထူးထူးဆန်းဆန်း ခါတိုင်းဆို ဘယ်သူ့မှခွင့်မတောင်းပဲင်၀င်လာပီးခုမှ

"အော်အင်း၀င်လာခိုင်းလိုက်ပါ"

နှောင်းထင်ထားတာနဲ့ တပ်အပ်လွဲ၊ဇာမ်လို့ထင်ထားပေမယ့် စိုင်းသူရမင်းထက်ဖြစ်နေသည်

"ဟိုဆရာ"

"အော် စိုင်းသူရမင်းထက်"

"ဇာမ်က ထမင်းချိုင့်ပို့ခိုင်းလိုက်လို့ပါ"

"ဟမ် သူကရော"

"သူက လုပ်စရာလေးရှိသေးလို့ ဆရာ့ကိုအရင်စားနှင့်လိုက်ပါတဲ့"

"အာ သူဗိုက်ဆာနေတော့မယ်"

"ဟုတ်ကျွန်တော့ကိုလဲ ဒါပဲပြောခိုင်းလိုက်တာ"

"အော်အင်းပါ"

"ကျွန်တော်သွားလိုက်ပါဦးမယ်"

မောင့်နှောင်းငယ် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin