"ကလေးတွေ သွားကြစို့"
ဆေးရုံအုပ်ကြီးရဲ့ စကားသံအကြား ကျောင်းသားတွေ အလျှိုလျှိုနဲ့ကားပေါ်ပြေးတက်ကုန်ကြပီ။မန်းတောင်အောက်ခြေထိကို Busနဲ့သွားပီး ထိုမှတဆင့် တောင်ပေါ်သို့ ခြေလျှင်တက်ရန်စီစဥ်ထားသည်။ ကျောင်းသား၁၉၉ယောက်နဲ့ ဆရာ၄၇ယောက်အတွက် စုစုပေါင်း ကား၆စီး။တစ်စီးကို ၄၁ယောက်ဖြင့် ကား၆စီးသည် ဆေး၁၀န်းထဲမှ တရွေ့ရွေ့ဖြင့်စထွက်လာသည်။ကားပေါ်ရှိလူများသည် သီချင်းတအေးအေးဖြင့်ပျော်နေကြတဲ့သူတွေကပျော်နေကြပီး၊တချို့ကလဲ အချင်းချင်းစကားပြောကာ ရီလိုက်မောလိုက်ဖြစ်နေကြသည်။ထိုထဲတွင်မပျော်နိုင်သူတစ်ဦးလည်းရှိသေး။သူသည်တခြားသူမဟုတ် ဇာမ်ပင်ဖြစ်သည်။...
ဇာမ်မနက်ဆေး၀န်းထဲကိုရောက်ကတည်း နှောင်းကိုရှာနေသည်။နှောင်းကိုတော်တော်နဲ့ရှာမတွေ့ပဲ ကားထွက်ခါနီးမှတွေ့လိုက်ရ။နှောင်းက ကားနံပါတ်၃ပေါ်သို့ရောက်နှင့်နေပီး နန်းဘေးမှာအသင့်သားနေရာယူလျှက်။ဇာမ် နှောင်းတို့ကားပေါ်သို့တက်ရန်ပြင်သော်လည်း နှောင်းတို့ကားက လူပြည့်နှင့်နေပီ။တိုက်တိုက်ဆိုင်ဆိုင် စိုင်းသူရမင်းထက်နဲ့ထိပ်တိုက်တိုးတော့ စိုင်းသူရမင်းထက်ဆွဲခေါ်ရာနောက် ကားနံပါတ်၂ပေါ်ကိုသာပါသွားရလေတော့သည်။
"ငါမင်းကိုရှာနေတာကွ ဇာမ်ရ"
"ဘာလို့လဲ"
"ကားကထွက်တော့မယ် မင်းကပျောက်နေလို့လေ"
"ငါက၃မှာထိုင်ချင်တာ"
"မင်းကလဲ ကားနံပါတ်၃ကလဲ ဒီဖင်နဲ့ပဲထိုင်ရမာပဲကို။ဂျီးများနေသေးတယ်"
"တူမလားကွ"
"မင်းထိုင်ချင်ရင်တောင်ထိုင်မရဘူးဟေ့ကောင်ရေ၊အဲ့ကားက လူပြည့်နေပီ"
ဇာမ်လဲဘာမှဆက်မပြောတော့ပဲ အိတ်ကပ်ထဲက ဖုန်းနဲ့နားကြပ်ကိုထုတ်ကာ ခုံကိုကျောဖြင့်မှီလျှက် ကားပြတင်းပေါက်ကိုသာငေးရင်း လိုက်ပါလာခဲ့သည်။ဇာမ့်ကျောပိုးအိတ်ကိုတော့ စိုင်းသူရမင်းထက်လက်ထဲ ကားပေါ်စတက်ကတည်းက ထိုးပေးထားလေသည်။
_____________________________
တောင်ခြေရောက်တော့ ဇာမ့်တို့ကားက အရင်ရောက်နှင့်နေပီး ဇာမ်ကတော့ တောင်ပေါ်သို့မတက်သေးဘဲ ကားကိုမှီကာနှောင်းကိုစောင့်နေလေသည်။ သိပ်မကြာခင် နှောင်းတို့လဲရောက်လာလေသည်။
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...