Ep-32 uni

814 58 8
                                    

နောက်ဆုံးဇာမ်က နှောင်းစစ်အလိုကျအတိုင်း အိမ်ကိုမာမီနဲ့အတူပြန်လိုက်ခဲ့လိုက်သည်။ဇာမ့်သဘောအတိုင်းဆို နှောင်းစစ်နားမှာပဲ ဆက်နေမှာဖြစ်သော်လည်း မာမီ့ထပ်ပြောမဲ့စကားလုံးတွေနဲ့ ကိုကို့ကိုသူယှဥ်မဆိုင်စေချင်ပါ။

လမ်းတစ်လမ်းလုံးဘာစကားမှမပြောဖြစ်။နောက်ပြီးအတွေးတွေဟာလဲ ယောက်ယက်ခက်နေဆဲ။သူသိပါသည်။နှောင်းစစ်ကိုတစ်ယောက်တည်းထားခဲ့တာ ဘယ်လောက်စိတ်ပူရစေမှန်း။အားငယ်နေတဲ့ကလေးတစ်ယောက်ဟာ သူ့ကိုလုံခြုံစိတ်ချစေမဲ့ လူတစ်ယောက်ကို အားကိုးသကြီးနဲ့ လှမ်းဆွဲရုံသာ။သို့သော် သူကိုယ်တိုင်ကလည်း ထိုကလေးကို မလုံခြုံစေခဲ့။ကာကွယ်မပေးနိုင်ခဲ့။

နှောင်းစစ်ကိုအိပ်ခန်းထဲထိ ဇွတ်အတင်းလိုက်ပို့ပြီး ဆောင်ခြုံပေးလိုက်သည်။ဒါဟာအနည်းဆုံး သူစိတ်ကိုသက်သာစေမဲ့နည်းလမ်းပင်။မဟုတ်ပဲ ဒီတိုင်းကြီးတော့ မထားခဲ့နိုင်။သေချာသည်က သူထွက်သွားတာနဲ့ ထိုအမျိုးသားငိုတော့မည်ဆိုတာပင်။ဒါကြောင့် အိပ်ယာဘေးမှာ ဘိုင်အိုဂျက်ဆစ်တစ်ကတ်ရယ်၊နွားနို့ဘူးတစ်ဘူးကိုထားခဲ့လိုက်သေးသည်။ချော့မဲ့သူလည်းအနားမှာမရှိတော့ နှောင်းစစ် ဘယ်လောက်ငိုမည်လဲမသိ။ငိုပြီးရင်ခေါင်းကိုက်မှာဆိုးလို့ ဆေးထားထားခဲ့ခြင်းဖြစ်သည်။နောက်ပြီးနွားနို့ကိုသောက်ပြီးနှောင်းစစ်ကိုအိပ်စေချင်ပါသည်။ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို တစ်ခဏမှေးဆက်လိုက်ရင်း မေ့သွားစေချင်ပါသည်။

ဇာမ့်မာမီဟာလဲ လမ်းတစ်လမ်းလုံး အကြည့်စူးစူးတွေနဲ့ သူ့ကိုစိုက်ကြည့်နေရုံမှတစ်ပါး အခြားဘာစကားမှမပြော။အံကိုတင်းတင်းကြိတ်ထားပုံက ဘယ်လောက်ဒေါသထွက်နေမှန်းသိသာလှသည်။
ထိုနည်းတူစွာ ဘေးကဇာမ်ကလဲ လက်သီးဆုပ်ကိုတင်းတင်းဆုပ်ထားသေးသည်။သူ့မျက်လုံးတွေက အောက်ကိုငိုက်စိုက်လျှက်။
နှုတ်ခမ်းကိုလဲဖိကိုက်ထား၍ သွေးစအနည်းငယ်ဆို့နေသယောင်....

"ဇာမ့်စံအိမ်" ဆိုသည့် ခြံ၀န်းထဲကိုရောက်သည်နှင့်တစ်ပြိုင်တည်း ဇာမ်မင်းဆက် ကားတံခါးကို အသံမြည်အောင် ၀ုန်းကနဲပိတ်လိုက်ပြီး အိမ်ထဲသို့၀င်သွားလေသည်။ထိုအခါ စာဖတ်ခန်းထဲက ထွက်လာသော ဒယ်ဒီက သူ့ကိုမြင်တာနဲ့ အံ့သြသကြီးဖြင့်

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora