ခုနကကိစ္စတွေဖြစ်ပျက်ပြီးကတည်းက ဇာမ်မင်းဆက်လဲအောက်ကိုမဆင်းတော့ပဲ အခန်းပဲမှာပဲနေလိုက်သည်။ကုတင်ပေါ်ကိုလှဲချလိုက်တော့ စိတ်ပင်ပန်းမှုတွေကြောင့်ထင်ပါသည်။တစ်ခဏအတွင်း နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားသည်။အိပ်ယာနိုးလို့ နာရီကိုကြည့်လိုက်တော့ညနေ၄နာရီကျော်သာရှိသေးသည်။ဒီနေ့ကျမှ အချိန်တွေက ကြာနေသယောင်။ဇာမ့်အနေနဲ့ အသိစိတ်မရှိသည့်အချိန်မှသာ စိတ်အေးချမ်းသည်။အသိစိတ်ပြန်၀င်လာတာနဲ့ နှောင်းစစ်ကို စိတ်ပူသလို၊သူတို့အနာဂတ်အတွက်လဲ ရင်လေးလှသည်။အခန်းထဲက ရေခဲသေတ္တာနားသို့သွားကာ ရေခဲသေတ္တာထဲက အရက်ပုလင်းအချို့ကိုဆွဲထုတ်ကာ သူထိုင်သောက်မိသည်။နေ့ခင်းထဲက မာမီတစ်ယောက် သူ့ကိုလာမတွေ့တော့သလို သူကိုယ်တိုင်ကလည်းအောက်ထပ်ကိုဆင်းဖ်ု့စိတ်ကူးမရှိ။အခန်းမီးကိုအမှောင်ချကာ ဘေးက အရက်ပုလင်းထဲက အရက်တွေကို မော့ချလိုက်ပြီးနောက် မျက်နှာထက်မှ မျက်ရည်များဟာ ဘယ်ကတည်းက ကျချင်နေမှန်းမသိစွာပဲ အတိုင်းအဆမဲ့ကျဆင်းလာခဲ့တော့သည်။ပါးပြင်ထက်က မျက်ရည်တွေကို လက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်ပြီး နှုတ်ခမ်းထက်မှ မပီသသောအသံတို့ဖြင့်
"ကိုကိုရေ ကိုကို ကျွန်တော်ကိုကို့ကို လွမ်းလွန်းလို့သေတော့မယ်ဗျာ"
ပြောရင်း လက်ကျန်အရက်များကို အကုန်မော့ချလိုက်သည်။ထို့နောက် အရက်တွေစီးဆင်းသွားသည့် သူ့ခန္ဓာကိုယ်ထဲက လေပူတစ်ချို့ ပြန်တက်လာပြီး
~ဂေ့~
မျက်ရည်တွေကလည်း ယူကျူံးမရဖြစ်နေသည့်လူတစ်ယောက်အတိုင်းပင်။အရက်ပုလင်းတစ်ပုလင်းလုံး ကုန်မှန်းမသိ ကုန်သွားခဲ့လေပြီ။
နောက်တော့ ရေခဲသေတ္တာကိုပြန်ဖွင့်ကာ ထပ်ရှာတော့ သံဗူး၂ဘူးနဲ့ လက်ဖု၀ါးလောက်ရှ်သော အရက်ပုလင်းကိုသာတွေ့တော့သည်။ထို့နောက် မှောင်မှောင်မဲမဲ အခန်းကြီးကို စမ်းတ၀ါး၀ါးလမ်းလျှောက်သွားတော့ သူ့ဗီဒိုရှိရာကိုရောက်ရှိခဲ့သည်။ဗီဒိုရဲ့ဘေးဘက်က အံဆွဲကိုဆွဲဖွင့်ပြီး မူးယစ်ဆေးတစ်ချို့ပါ၀င်သည့်အိတ်ကို ကောက်ယူကာ ခုနုကထိုင်နေသည့် ကုတင်ခြေရင်းသို့ ပြန်လှည်ရောက်ရှိခဲ့သည်။အသိစိတ်တွေလွတ်သွားမှာဆိုးတာကြောင့် နှောင်းနဲ့နေတုန်းက တတ်နိုင်သမျှရှောင်ခဲ့ပေမယ့် သူဒီအိမ်ကိုပြန်ရောက်တိုင်း အနည်းငယ်တော့သုံးဖြစ်သည်။
အိပ်မပျော်သည့်ရောဂါကိုကုဖို့ နှောင်းစစ်ဘေးမှာရှိနေရင်အဆင်ပြေပေမယ့် ဒီလိုညမျိုး ရင်ခွင်ထဲကို ချွဲကာ ၀င်အိပ်တတ်သော ကောင်လေးမရှိသော ညတွေမှာတော့ သူဒီကိုလိုအပ်သည်။ခါတိုင်း အတိုင်းအဆတွေနဲ့သောက်ပေမယ့် ဒီနေ့ သူထိုအိတ်ထဲက အမှုန့်တွေအကုန် အရက်ပုလင်းထဲသို့ရောထည့်လိုက်သည်။တုန်ရီနေသောလက်တွေနဲ့ အရက်ပုလင်းကိုဆွဲယူလိုက်ပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်။နောက်တော့ သူတစ်ယောက်တည်း
ČTEŠ
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...