Ep-15 uni

1K 65 18
                                    

ဒီနေ့ဇာမ်ဆေးရုံတက်တာ ၅ရက်မြောက်နေ့။၅ရက်ဆိုတော့ ဒါဏ်ရာတွေကလည်းသက်သာသလောက်ရှိပီ။အချိန်မရွေးထရန်ဖြစ်လို့ရပီဟဟ။နှောင်းကတော့ ဇာမ်ဆေးရုံတက်ကတည်းက ပုံမှန်အတိုင်း မနက်ပိုင်းဆေးရုံလာရင် ဇာမ့်အတွက်မနက်စာ၀ယ်လာပေးလိမ့်ရှိသည်။dutyအားရင်အားသလို လာအဖော်လုပ်ပေးတတ်သေးသည်။ထမင်းစားချိန်ဆိုအတူတူလာစားပေးလေ့ရှိသည်။ညနေအိမ်ပြန်ရင်လည်းနှုတ်ဆက်ပီးမှပြန်တတ်သလို ညဆိုလဲဖုန်းအကြာကြီးပြောပေးလေ့ရှိသည်။duty နားရက်တွေဆို တစ်နေကုန်လာပီးအဖော်လုပ်ပေးလေ့ရှိသည်။ထိုနေ့တွေဆို ဇာမ်မျက်လုံးသိပ်နောက်ရသည်။ဘာလို့ဆို နှောင်းနဲ့အိမ့်က ကြောင်နဲ့ကြွက်အတိုင်း တစ်နေကုန်ရန်ဖြစ်နေကြသည်။အိမ့်ကလဲ ကလေးဆန်ပီးစွာတော့ နှောင်းအားတတွတ်တွတ်နဲ့ရန်ရှာတတ်သည်။ဟိုကလည်းမခံ ပြန်ပြန်ရွဲ့တတ်သေးသည်။ကလေးနှစ်ကောင်ကိုကြားက ၀င်၀င်ညှိပေးနေရတယ်။အခုဆို နှောင်းနဲ့အိမ့်က ရင်းနှီးလာပီလို့ပြောရမယ်။ဘာလို့ဆို သူတို့လောက်ရန်ဖြစ်တာလဲ သူတို့ပဲ။ဒါပေမယ့်လည်း ကိုရီးယားကားကြည့်ချိန်တို့ မင်းသားအကြောင်းပြောချိန်တို့ဆိုရင် နှစ်ယောက်သားဟေးလား၀ါးလားနဲ့။ကိုရီးယားကားကြည့်ချိန်ဆို လူနာကိုမေ့ထားကြပီး နှစ်ယောက်သီးစပျစ်သီးစားလိုက် ဟိုလူကိုဆဲလိုက် ဒီလူ့အတင်းပြောလိုက်နဲ့ဟုတ်နေကြတာ။အိမ့်ကလဲရောက်တာနဲ့ ကိုကြီးနှောင်းမလာသေးဘူးလား အိမ့်ပျင်းနေတာ ဘာညာနဲ့ ပီးရင်တည့်ကြတာမဟုတ်ဘူး။ဒီနေ့မေမေကမနက်ကတည်းကရောက်နေလို့ထင်တယ် နှောင်းပေါ်မလာဘူး။မနက်ကတည်းကမတွေ့ရသေးတော့တွေ့ချင်တာတစ်ပိုင်းကိုသေနေပီ။အိမ့်ကလဲ လည်တယ် မေမေ့ရှေ့ကျ ကိုကို့အကြောင်းမပြောဘူး။နားနားကပ်ကပ်ပီး "အန်တီကမပြန်သေးဘူးလား ကိုကြီးနှောင်းကိုပြစရာရှိလို့ပါဆို" ပီးတအားပြောနေတာ။အိမ့်ထက်တောင်အကိုကတွေ့ချင်သေးတယ်လို့တော့စိတ်ထဲကနေပဲပြန်ပြောလိုက်ရ။အိမ့်ကိုကြည့်ရတာလဲခါတိုင်းလိုလွတ်လွတ်လပ်လပ်ရှိပုံမရ မေမေကလဲ"အိမ့် ဒီလာထိုင်လေ" "အိမ့်ဒါစားလေ" ဆိုပီးတစ်ခုပီးပြောနေတာကြောင့်ဖြစ်သည်။နောက်ပီး မေမေနဲ့အလိုက်သင့် လူကြီးစကားတွေလိုက်ပြောနေတဲ့ အိမ့်ကိုကြည့်ပီး ရီချင်စိတ်ကိုမနဲထိန်းထားရသည်။အိမ့်နဲ့အနီးကပ်နေကြည့်မှ ဘယ်လောက်ကလေးဆန်ကြောင်းလဲသိရသည်။ပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့် ဇာမ်နဲ့လဲအရင်ကထက်ပိုရင်းနှီးလာတယ်။စကားများတာလေးကတစ်တော့ချွင်းချက်ပေါ့။မေမေကလဲပြန်မယ့်ပုံမပေါ်တာကြောင့် အိမ့်ကိုကယ်ထုတ်ဖို့စဥ်းစားရတော့မည်။

မောင့်နှောင်းငယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ