Ep-7 uni

1.3K 91 11
                                    

စာအုပ်တွေကိုင်ကာ ကော့တော့ကော့တော့နဲ့ထွက်လာသောနှောင်း၊ပုံမှန်အချိန် ဂျယ်နဲ့ဆံပင်လှန်တင်ထားလေ့ရှိပေမယ့် ဒီကနေ့ ဆံပင်ချထားသောကြောင့် ဇာမ်မျက်စိထဲ ကိုက်တတ်တဲ့ ခွေးစုတ်ဖွားတစ်ကောင်လိုပင်....

လက်ယပ်ခေါ်ပီး ဒီနားလာဟုခေါ်သဖြင့် ဇာမ်လဲလေးဘက်ကုန်း တွားသွားကာအနားသွားလိုက်ပီး

"ဒီနေ့ စာမျက်နှာ73က ပန်ကရိယရောဂါအကြောင်းသင်ရအောင်"

"သဘောသဘောကိုကို့သဘော"

မျက်စောင်း၁ချက်နဲ့အတူ

"ပန်ကရိယက ရှည်လျားပီးပြားတဲ့ ဂလင်းတစ်ခုဖြစ်ပြီးဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်နောက်တွင်ရှိတယ်။ ပန်ကရိယက အစာခြေဖျက်မှုကို ကူညီတဲ့အင်ဇိုင်းများနှင့်ခန္ဓာကိုယ်မှသကြားဓာတ် (ဂလူးကို့စ်) လုပ်ဆောင်ပုံကိုထိန်းညှိပေးတယ်"

"ကျွန်တော့ကိုကျ ကိုကိုကထိန်းညှိပေးတယ်"

"ဗရမ်းဗတာတွေပြောနေတယ်၊ ပန်ကရိယရောင်ခြင်းက စူးရှပြင်းထန်သော ပန်ကရိယအဖြစ်ဖြစ်ပွားစေနိုင်သည်။ဆိုလိုသည်က ရုတ်တရက်ပေါ်လာပြီးရက်ပေါင်းများစွာကြာတတ်တယ်"

"အားဆရာလေးစာသင်ပုံကရင်ထဲထိတယ်ဗျာ"

"အခု Brain surgeryအကြောင်းဆက်သင်မယ်နော်၊ brain surgeryလုပ်ပီးရင် တချို့လူတွေက ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်းပြန်လည်နာလန်ထူ အပြီးသတ်နိုင်တယ်....."

နှောင်း စိတ်၀င်တစား စာရှင်းနေပုံက စာကလွှဲရင် ဘယ်အရာကိုမှအာရုံရှိမည်မဟုတ်၊ဒါကြောင့် အလုပ်ကိုအားရုံစူးစိုက်လုပ်နေတဲ့ယောကျာ်းတွေက ကြည့်ကောင်းတယ်လို့ မိန်းမတွေပြောကြတာဖြစ်ပါလိမ့်မယ်။မျက်တောင်ရှည်ရှည်လေးတွေအောက်မှာ ၀ိုင်းစက်နေတဲ့မျက်လုံးလေး၊တစ်ခုခုပြောလိုက်တိုင်း ပွင့်ဟသွားတဲ့နှုတ်ခမ်းလှလှလေးတစ်စုံကြောင့် တံတွေးမျိုချရတာလဲအကြိမ်ကြိမ်

"နော် အဲ့ထိရလား"

"ကျွန်တော်အသဲကွဲရင်တော့၃နှစ်လောက်နေတောင် နလန်ထူနိုင်ငါ့မလားမသိဘူးနော်ကိုကို"

မောင့်နှောင်းငယ် (Complete)Tempat cerita menjadi hidup. Temukan sekarang