တွေ့ချင်နေသူကိုမတွေ့ရတာကလဲ ဒုက္ခတစ်မျိုးပါပဲ။လွမ်းနေသူကို မမြင်ရတာကလဲ နာကျင်ခြင်းတစ်မျိုးပါပဲ။ရလာတဲ့ နာကျင်မှုတွေအတွက် ငိုဖို့ပင်မျက်ရည်မရှိတော့...။သက်ဆိုင်ရာနေရာတိုင်းမှာလဲ ထိုသူနဲ့ပတ်သတ်သည့် အမှတ်တရများအုပ်မိုးလျှက်။
ဖြစ်ချင်ရာဆုတောင်းကိုသာ တောင်းနိုင်ပါသည် ဆိုပါက မောင်နဲ့တွေ့ချင်ပါသည်။မောင့်ရင်ခွင်ကျယ်ကြီးပြေး၀င်ပြီး မလွတ်တမ်းဖက်ထားချင်ပါသည်။မောင့်ရင်ခုန်သံတွေကြားနိုင်အောင်ထိ နီးနီးကပ်ကပ်နေပြီး မောင့်ကိုဘယ်လောက်လွမ်းကြောင်းတွေငိုပြီးပြောပြချင်ပါသည်။မောင့်လက်မောင်းတွေပေါ်မှာ အိပ်စက်ရင်း မောင်ပြောပြသည့် ချစ်စကားများကိုလဲနားထောင်ချင်ပါသည်။မောင့်မျက်နှာလေးကိုကြည့်ပြီး မောင့်ကိုဘယ်လောက်ချစ်ကြောင်း မမောနိုင်မပန်းနိုင် ပြောပြချင်ပါသည်။မောင်ဂစ်တာတီးပြီးသီချင်းဆိုပြတိုင်း အရင်လိုရင်ခုန်ရသည့်ခံစားမှုမျိုးကိုလဲ သူမက်မောနေပါသည်။မောင့်ကိုယ်သင်းနံ့လေးကိုလဲအပြည့်အ၀ရှုရှိုက်ချင်ပြီး မောင်ပေးတဲ့အကြင်နာတွေကိုလဲ တစ်၀ကြီးခံစားချင်ပါသေးသည်။တစ်နေ့လုံးမောင့်အကြောင်းဘာမှမကြားရသလို မောင်အဖေကိုလဲမတွေ့မိ။သို့သော် မောင်စေ့စပ်လိုက်သည့်အကြောင်းကတော့ မကြားချင်မှအဆုံး။
ညနေ၄နာရီထိုးလို့ ဂျူတီပြီးခါမှ နားနေဆောင်ထဲသို့ ရုတ်တရက်ရောက်လာသည့်မောင်က ရုတ်ချည်းဆိုသလိုပင် နှောင်းစစ်လက်ကိုလာဆွဲလေသည်။နားနေဆောင်ထဲတွင်လည်း ဆရာ၀န်တစ်ချို့ရှိနေပြီး ထိုသူတို့ကလည်း မောင့်ကိုအံ့သြသယောင်ကြည့်နေကြသည်။သို့သော် အသိစိတ်ပျောက်သွားသည့် တစ်ခဏအတွင်း လူက မောင်ဆွဲခေါ်ရာနောက်သို့ပါလျှက်...
တီရှပ်အဖြူကို ဘောင်းဘီအနက်နဲ့တွဲ၀တ်ထားပြီး ဦးထုပ်အနက်ကိုလဲ ခိုက်ငိုက်ငိုက်ဆောင်းထားသေးသည်။ပုံစံကအမှန်တစ်ကယ်ထူးဆန်းနေသည်မို့ ဘေးပတ်၀န်းကျင်ကလည်း မျက်စိတစ်ဆုံးလိုက်ကြည့်ကုန်ကြသည်။
ကားတံခါးကိုဖွင့်လိုက်ပြီးသူ့ကို၀င်ခိုင်းလေသည်။နောက်မှဇာမ်မင်းဆက်လဲကားပေါ်၀င်ထိုင်ပြီး
ŞİMDİ OKUDUĞUN
မောင့်နှောင်းငယ် (Complete)
Romantizmမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...