Ep-5 uni

1.5K 106 21
                                    

နှောင်း မနက်6နာရီ အိပ်ယာနိုးတာနဲ့ အိပ်ယာသိမ်း၊မျက်နှာသစ်ကာ၊ဘုရားအရင်ကန်တော့ဖြစ်သည်။ပီးရင်အိမ်နားလမ်းလျှောက်ပီး မနက်စာသွား၀ယ်လိုက်သေး၊အိမ်ပြန်ရောက်တော့ ၇နာရီထိုးနေပီ၊မနက်စာစားပီး ပြန်လေ့လာသင့်တဲ့စာတွေ၊လိုအပ်မယ်ထင်တဲ့စာတွေဖတ်ပီးတော့ အချိန်က ၇:၄၅၊ဒီချိန်ဆို ဇာမ်မင်းဆက်ကနိုးပီလားမသိ၊အိပ်နေလောက်ဦးမာပါ ဒီကလေးက သိပ်အပျင်းကြီးတာ၊ဘာရယ်မဟုတ် ဒီရက်ပိုင်း ဒီကလေးအကြောင်းသိပ်တွေးနေမိတယ်၊တစ်ယောက်တည်းနေရတဲ့သူမို့လားမသိ နည်းနည်းလောက်ရင်းနှီးရင်ကို တွယ်ဖက်ထားချင်မိတဲ့စိတ်က ပေါ်လာတယ်၊မင်းကရော ဘယ်ချိန်ထိငါ့အနားမှာနေပေးမာလဲ၊ငါ့ကိုထပ်သံယောဇဥ်တွယ်အောင် မလုပ်ပါနဲ့ဇာမ်မင်းဆက်ရေ၊တစ်ယောက်တည်းနေရတာအသားကျနေတဲ့ငါ့ကမ္ဘာကိုဗြောင်းဆန်အောင်လာလုပ်နေတဲ့ ဇာမ်မင်းဆက် အရူးကောင်၊ငါ့အပေါ်အရမ်းကောင်းပေးနေတဲ့မင်းကို ငါဘယ်လိုဥပက္ခာပြုသင့်လဲဟင်၊တွေးလိုက်စအတွေးကိုရပ်ပီး အ၀တ်ချွတ်ကာ ရေချိုးခန်းထဲ၀င်လိုက်သည်။ရေချိုးပီးတာနဲ့ အ၀တ်လဲကာ ဆေးကျောင်းသို့ကားငှားကာထွက်ခဲ့တယ်။

တစ်ယောက်တည်းနေရတဲ့ နှောင်းအဖို့အထီးကျန်ခြင်းဆိုတာ နင်လားငါလားပဲ၊နှောင်းကငယ်ငယ်ထဲက မိဘမဲ့ဂေဟာမှာ ကြီးပျင်းလာခဲ့တဲ့သူ၊စာတော်လို့ ပညာသင်ဆုရရှိကာ ဆေးကျောင်းကိုတက်ခဲ့ရတယ်။ဆေးကျောင်းပီးတာနဲ့ ဂေဟာကထွက်ကာ ကိုယ်ပိုင်တိုက်ခန်းလေးငှားနေခဲ့တယ်။၊နှောင်းနေတဲ့မိဘမဲ့ဂေဟာက လူသိနည်းတာရယ် အဲ့ကကလေးတွေက သူ့ကိုချစ်တာရယ်ကြောင့် အိမ်ခွဲနေမယ်လုပ်တုန်းက မိဘမဲ့ဂေဟာက ကလေးတွေခမျာ ငိုလိုက်ကြတာ၊နှောင်းလဲ ဂျူတီOffတဲ့နေ့တွေဆို ကလေးတွေဆီသွားကာ စာသင်ပေးလိုက်၊မုန့်တွေ၀ယ်ပီးသွားပို့တာတို့ အမြဲလုပ်သည်။နှောင်းဘ၀က သိပ်အထိီးကျန်ဆန်တယ်။နှောင်းဘ၀ထဲကို လွန်ခဲ့တဲ့ ၈နှစ်လောက်က နန်းဆိုတဲ့ကောင်မလေး၀င်ရောက်လာတယ်။နန်းအိမ်က ပိုက်ဆံအတော်အတင့်ရှိပီး နန်းကချောတာကြောင့်ရော ဆရာ၀န်မဖြစ်တာကြောင့်ရော လူကြိုက်တော်တော်များတယ်။ထိုထဲမှာ လည်းနှောင်းအပါအ၀င်ပေါ့၊အထက်တန်းကျောင်းသားအရွယ်မှာ ရည်းစားဖြစ်ခဲ့ကြပီး မတူညီတဲ့အခြေအနေကြောင့် နှစ်ယောက်သား သူငယ်ချင်းအဆင့်မှာသာပြန်နေလိုက်ကြတယ်။နှောင်းကနန်းကို သိပ်တွယ်တာရှာတာ၊ရင့်ကျက်ပီး တည်ငြိမ်တဲ့ နန်းက အခုထိနှောင်းရင်ထဲမှာ နေရာယူလျှက်လို့ထင်နေမိတုန်း..

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora