နှောင်းမနေ့ညကအိမ်ပြန်ရောက်တော့ ကောင်းကောင်းအိပ်မပျော်တာနဲ့ မနက်၅နာရီခွဲကတည်းကနိုးနေလေသည်။ဒါနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ပီး ၆နာရီထိုးမှအိမ်ကထွက်ခဲ့လေသည်။ထို့နောက် ဇာမ့်အတွက် ကြက်ပေါင်း၀င်၀ယ်တော့ ပူပူနွေးနွေးချက်ပီးသားလေးရခဲ့လေသည်။ဟိုရောက်တော့ ၆နာရီ၁၅မိနစ်ရှိနေလေပီ။ရုံးခန်းထဲသွားကာ အထုတ်တွေချပီး ဂျူတီကုတ်လဲ၀တ်လိုက်သည်။ပီးမှ ဇာမ့်အခန်းသို့ ကြက်ပေါင်းအထုတ်ဆွဲကာ ၀င်သွားလိုက်သည်။
အခန်းတံခါးအသာဆွဲဖွင့်လိုက်တော့ ကုတင်ပေါ်မာတစ်ယောက်တည်းအိပ်နေတဲ့ဇာမ်...ခြေသံဖွဖွနင်းပီးအခန်းထဲ၀င်လိုက်သည်။ကြက်ပေါင်းထုတ်ကို စားပွဲပေါ်တင်လိုက်ပီး ကုတင်ဘေးကခုံမှာ၀င်ထိုင်လိုက်သည်။
"ဟင်ကိုကို ရောက်ပီလား"
အခန်းထောင့်က နာရီကိုလှမ်းကြည့်လိုက်တော့ ၆နာရီ၂၅မိနစ်
"အခုမှ၆ခွဲရှိသေးတာကိုကိုကလဲ အိပ်ရေးပျက်နေတော့မာ"
"အမ်း အိပ်မပျော်လို့ စောစောလာလိုက်တာ၊မင်းကရောတစ်ယောက်တည်းလား"
"ဘယ်နှစ်ယောက်ရှိလို့လဲ"
"မင်းအမေကိုမေးနေတာလေ ဘယ်သွားလဲ"
"အိမ်ပြန်သွားတယ်လေ"
"တစ်ညလုံးတစ်ယောက်ထဲအိပ်တာလား"
"မေမေက ဆေးရုံမာမနေတတ်ဘူးလေ၊ကျွန်တော်ကလဲတစ်ယောက်တည်းနေရဲတာနဲ့ ပြန်လွှတ်လိုက်တာ"
"ဟာအရေးအကြောင်းဆိုဘယ်လိုလုပ်မာလဲ တစ်ယောက်တည်း"
"စိတ်မချရင် ကိုကိုလာနေလေ"
"တော်ပါ နိုးတာကြာပီလား၊ငါ့ကြောင့်နိုးသွားတာလား"
"မဟုတ်ပါဘူးဗျာ ကျွန်တော်လဲသိပ်အိပ်မပျော်တာနဲ့နိုးနေတာ"
"ခေါင်းကရောတော်တော်နာနေသေးလား"
"မနာပါဘူး"
"နာရင်ပြောဦး မနက်စာရောစားတော့မလား ငါမင်းအတွက် ကြက်ပေါင်းပူပူလေး၀ယ်ခဲ့တယ်"
"ကိုကိုကရောစားပီးပီလား"
"မစားရသေးဘူး ငါကပီးမှကန်တင်းမှာစားမလို့"
BINABASA MO ANG
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...