Uni
ဦးစွာအနေနဲ့ ဒီficလေးကို ဒီနေ့အထိဖတ်လာပေးခဲ့ကြတဲ့ ကလေးတွေကို ကျေးဇူးအများကြီးတင်ပါတယ်။
Voteပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုလဲ တကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။နောက်ပြီးဒီနေ့ updateမရှိပါဘူးနော်(အကြာလုပ်စရာလေးရှိလို့ မအားလို့ပါ) မနက်ဖြန်ကျရင်တော့ အပိုင်းသစ်တင်ပေးပါ့မယ်။
အော်...upမမှန်တဲ့အကြာ့ကို နားလည်ပေးကြလို့ရော ကျေးဇူးတင်ပါတယ်။
နောက်ပြီး အဲ့ဒီအတွက်တောင်းပန်စကားလဲပြောချင်ပါတယ်TwTဘာလို့ဒီစာလေးရေးလိုက်လဲဆိုတော့ အကြာမှာဘာအစီစဥ်မှလဲကြိုမဆွဲထားပါဘူး။ပြောပြချင်တာက..တစ်နေ့ရေးရမယ့်အပိုင်းကို ကြိုတွေးဖို့လဲ ဘယ်လိုမှမတွေးနိုင်ပါဘူး။စာအုပ်ထဲမှာ အရင်ချရေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှအဆင်မပြေခဲ့ပါဘူး။
အကြာက ဒီwattpadထဲကို၀င်ပြီး
editထဲက အပိုင်းသစ်တင်ဖို့ ပြင်မှ ဦးနှောက်ထဲက အလိုလိုထွက်လာတာပါ။စိတ်ကူးထဲကပေါ်သမျှတွေကို ချရေးလိုက်တာဖြစ်လို့ လိုအပ်ချက်တွေလဲ အများကြီးရှိနေပါတယ်...
မပြီပြင်တဲ့အပိုင်းတွေ၊ယုတ္တိမရှိတဲ့အပိုင်းတွေ အများကြီးတွေ့ခဲ့မှာပါ။တတ်နိုင်သလောက်တော့
ယုတ္တိရှိအောင်ရေးခဲ့ပင်မယ့်•ကိုယ်ပိုင်ဆေးရုံလို့ပြောလိုက် မန္တလေးဆေးရုံကြီးဖြစ်လိုက် အဲ့လိုအခန်းတွေအများကြီးရှိခဲ့ပါတယ်။(ဒါပေမယ့် မပြင်ချင်တော့လို့ ဒီတိုင်းပဲ နားလည်ပြီးဖတ်ပေးကြနော်)
•အကြာက Vdနဲ့ficကို စလုပ်တုန်းက ကွာခြားခဲ့တာတွေအများကြီးရှိခဲ့ပါတယ်။အဲ့ဒီအရာအတွက် တတ်နိုင်သမျှလိုက်ညှိခဲ့ပေမယ့် လိုအပ်ချက်တွေလဲရှိနေပါသေးတယ်။
•အကြာ့ဇာတ်လမ်းက Vdကြောင့် ဇာတ်လမ်းရေးဖို့ဖြစ်လာတာပါ။အစကficရေးဖို့ အစီစဥ်လုံး၀မရှိပဲ vdကြည့်ပြီးသဘောကျတဲ့ ကလေးတွေက ficရေးဖို့တောင်းဆိုခဲ့လို့ရေးဖြစ်ခဲ့တာပါ။
•နောက်တစ်ချက်က အကြာ အဓိကဇာတ်ကောင်၂ယောက်ကလွဲရင် ဘယ်သူ့နာမည်မှမမှတ်မိပါဘူး။ဇာမ့်သူငယ်ချင်းတွေ နာမည်ကို အရင်အပိုင်းတွေမှာပြန်သွားကြည့်ခဲ့ပေမယ့် တချို့ အပိုင်းတွေမှာ တခြားနာမည်ရေးခဲ့သည်ရှိသော်နားလည်ပေးကြပါနော်။
ဇာမ်သူငယ်ချင်းတွေနာမည်က
ဇွဲပြည့်မာန်၊လွှမ်းစစ်သည်၊စိုင်းသူရမင်းထက် ပါ။အရင်အပိုင်းတွေမှာ နာမည်မတူညီခဲ့တာတွေရှိရင်လည်းမေ့လိုက်ပါ🤣
နောက်ပြီး ဇာမ်မင်းဆက်အမေနဲ့ အိမ့်အမေကိုလဲ နာမည်မမှတ်မိပါဘူး။(အဲ့ဒီအတွက် ဇာမ့်အမေ အိမ့်အမေလို့သာပြောပါမည်။)
အိမ့်နဲ့နန်းနာမည်လဲမေ့ပါတယ်ခင်ဗျာ...
ESTÁS LEYENDO
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...