Ep 23 uni

906 63 43
                                    

ဇာမ်တို့အိမ်က ပြန်တော့ နေ့ခင်း၁နာရီကျော်ကျော်သာရှိသေးသည်။နောက်ပြီး ဒီနေ့နှောင်းနားရက်လဲဖြစ်တာကြောင့် နှစ်ယောက်သားလျှောက်လည်ဖို့သာရှိသည်။နောက်တော့ ဇာမ်ခေါ်လာတဲ့နေရာက နာမည်ကြီးbarတစ်ခု။
အရက်သမားနီးအရက်သမားဆိုတဲ့အတိုင်း ဇာမ်နဲ့တွဲမှ နှောင်းလဲအရက်သမားလုံးလုံးကြီးဖြစ်နေရတော့သည်။

"အခုမှ နေ့ခင်းကြီးရှိသေးတာ ဘာလို့barကိုလာတာလဲဇာမ်ရ"

"မဟုတ်လည်း လည်စရာနေရာမှမရှိတာကို။အေးအေးဆေးဆေးလေး သောက်ရင်းdateကြတာပေါ့ နောက်ပြီး ကိုကို့ကို ကျွန်တော့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမလို့"

"ဟမ်"

"ဟုတ်တယ် အခုတောင်သူတို့ရောက်နေပြီ အထဲမှာ လာသွားရအောင်"

ပြောပြီး သူအရင်ကားပေါ်ကဆင်းသည်။နောက်ပြီး နှောင်းတံခါးကိုလာဖွင့်ပေးသည်။ဇာမ်နဲ့စသိကတည်းက ထူးထူးခြားခြားသတိထားမိသည်က နှောင်း ဇာမ့်ကားစီးတော့မယ်ဆို ဇာမ်က အမြဲတမ်း တံခါးဖွင့်တံခါးပိတ်လုပ်ပေးသည်။ကားပေါ်ရောက်ရင်လည်း သူကိုယ်တိုင်ခါးပတ်ပတ်ပေးလေ့ရှိသည်။ကားမောင်းရင်လည်း လက်တစ်ဖက်က နှောင်းလက်ကိုအမြဲဆုပ်ကိုင်ထားလေ့ရှိသေး၏။နောက်ပြီး ကားအမိုးနဲ့ နဖူးတိုက်မှာဆိုး၍ အမြဲကြားထဲက သူ့လက်ခံပေးထားသည်။ဒီလိုလုပ်တိုင်း နှောင်းရင်ခုန်ရသည်က အမှန်။ဒါတွေက ချစ်ရတဲ့သူဆီကရတဲ့ ကြင်နာမှု၊နွေးထွေးမှုတွေမလား။

barထဲသို့ သူ့လက်ကိုဆွဲကာ ဇာမ်က ဦးဆောင်လျှက် ၀င်သွား၏။နာမည်ကြီးbarဆိုသည့်အတိုင်း barအရှေ့မှာလည်း ကားပေါင်းစုံစီရီလျှက်။ဆိုင်တွင်းအပြင်အဆင်ကလည်း ရောင်စုံမီးများနဲ့ ခေတ်မှီလှပလျှက်။ခပ်မြူးမြူးသီချင်းကို အသံကျယ်ကျယ်ဖွင့်ထားလျက်ရှိပြီး အေးစိမ့်နေ၏။တော်သေးတာပေါ့ ဇာမ့်အိမ်ကပြန်တော့ သူအိမ်ပြန်ပြီးအ၀တ်အစားလဲခဲ့ရသေးလို့။မဟုတ်ရင် barကို တိုက်ပုံအကျီနဲ့လာတဲ့ လူထူးဆန်းဖြစ်သွားနိုင်သည်။

နှောင်း အကျီအဖြူရောင်လက်ရှည်ကလေးကို ဂျင်းဘောင်းဘီအပြာနဲ့တွဲကာ၀တ်ဆင်ထားသည်။ဆံပင်ကို ဂျယ်တွေမလိမ်းထားသောကြောင့် နဖူးထက်တွင် ဆံပင်ကလေးမှာပြန့်ကြဲလျှက်။ဇာမ်မင်းဆက်ကတော့ အကျီအနက်ရောင် T shirtအပွကို ဒူးလောက်ရှိတဲ့ short pantအနက်ရောင်နဲ့တွဲ၀တ်ဆင်ထားသည်။တကယ်လုံးအနက်ရောင်၀တ်ဆင်ထားပြီး ဖိနပ်ကတော့ နှောင်းနဲ့ဆင်တူဖိနပ်စီးထားသည်။ဆံပင်ကို သူအမြဲလုပ်သလို ဂျယ်တွေနဲ့ထောင်ထားပြီး လည်ပင်းမှာလဲ ဆွဲကြိုးတွေ ရှုပ်ယှက်ခပ်လျှက်။

မောင့်နှောင်းငယ် (Complete)Onde histórias criam vida. Descubra agora