Ep-28 uni

852 55 36
                                    

နှောင်းတစ်ယောက်အိပ်ပျော်တာသေချာပြီဆိုမှ အခန်းတံခါးကိုသေချာပိတ်ကာ ဇာမ်ထွက်လာခဲ့သည်။ကားလက်ကိုင်ပေါ်ခေါင်းတင်ကာ သေချာစဥ်းစားကြည့်တော့ Daddyကိုပြေးမြင်လာသည်။ဟုတ်ပါသည် သူ အဖေ့ကို အကူညီတောင်းရမည်။ဖုန်းကိုကောက်ယူပြီးသူ့မာမီဆီဖုန်းလှမ်းဆက်လိုက်သည်။

"ဟယ်လို မာမီ ဒယ်ဒီအိမ်မှာရှိလားကျွန်တော်လာခဲ့မလို့"

မာမီ့ဆီက အဖြေကိုရတာနဲ့ ကားကိုအမြန်မောင်းကာ သူ့အိမ်ကိုပြန်ခဲ့သည်။ခြံပေါက်ရတော့ ၀န်းတံခါးက သူလာမှာကြိုသိလို့ ဖွင့်ထားပုံရသည်။နောက် သူ ဒယ်ဒီဧည့်ခန်းထဲမှာရှိမရှိတစ်ချက်ကြည့်လိုက်သည်။သို့သော်မတွေ့....စာဖတ်ခန်းထဲသို့အမြန်ပြေးသွားကာမှ သူ့ဒယ်ဒီကိုတွေ့ရသည်။
တံခါးကိုအသာဖွင့်လိုက်ပြီး အလုပ်လုပ်နေတဲ့သူ့ဒယ်ဒီကို..

"ဒယ်ဒီ"

"ဟေ ဇာမ်မင်းဆက်၊ဟေ့ကောင် မင်းကျောင်းမသွားပြန်ဘူးလား"

"ကျွန်တော်ပြောစရာရှိလို့..ဟိုနေ့က တိုက်ခန်းမှာလူသတ်မှုဖြစ်တဲ့အကြောင်း ဒယ်ဒီကြားလား"

""အေးကြားတယ်လေ..."

ရုတ်တရက် ကွန်ပြူတာကိုကြည့်နေတဲ့ သူ့ဒယ်ဒီမျက်လုံးတွေက ရပ်တန့်သွားပြီး အလန့်တကြားဆိုသလို..

"မဟုတ်မှ မင်းသတ်လိုက်တာလား"

"ဟာ စောက်တလွဲကပြောပြန်ပြီ။ကျွန်တော်ကဘာလို့သတ်ရမှာလဲ။အဲ့နေ့က ကျွန်တော်က လူသတ်သမားကိုကူရှာပေးခဲ့တယ်လေ အဲ့တာ သူရဲကောင်းဆုလေးဘာလေးများ ဒယ်ဒီချီးမြှင့်ချင်မလားလို့"

"ဟ ဇာမ်မင်းဆက် ပိုက်ဆံလိုရင်လိုတယ်ပြော လီးလီးလားလားတွေလာလုပ်မနေနဲ့ သူရဲကောင်းဆုချီးမြှင့်ရအောင် ငါကခိုင်းခဲ့တာမလို့လား။မင်းဘာသာ၀င်ကူတာလေ ငါနဲ့ဆိုင်လား။လိုချင်ရဲစခန်းသွားပြော"

"ခွေးမသားကတော့ ငါပြောရင်းဒေါသထွက်လာပြီ။မင်းကိုငါ တစ်လ ၇သိန်းပေးထားတယ်လေ။မင်းနေစရာ စားစရာဘာပူရလို့လဲ အဲ့တာမှမလောက်လို့ကတော့ မင်းဘာသာမင်းရှာ"

ဇာမ်မင်းဆက်လဲ မိမိအဖြစ်ကိုတွေးပြီးမျက်ရည်ကျရမလို။ခွေးသားဖြစ်လိုက် ခွေးမသားဖြစ်လိုက်နဲ့ ခွေးဘ၀ကကိုမလွတ်နိုင် မကျွတ်နိုင်...

မောင့်နှောင်းငယ် (Complete)Where stories live. Discover now