Ep-26 uni

861 62 24
                                    

ဇွဲကြီးတို့ပြန်သွားတော့ ဇာမ်တို့လဲ ထိုနေရာမှထွက်လာခဲ့၏။

ကားတစ်စီးဟာ လမ်းမထက်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့မောင်းနှင်နေ၏။ထိုကားထဲတွင်တော့ အရာအားလုံးတိတ်ဆိတ်နေလေသည်။
မတည်ငြိမ်နေသော မျက်၀န်းတစ်စုံနဲ့ အမျက်ဒေါသ တောက်လောင်နေသော မျက်၀န်းတစ်စုံလဲရှိ၏။လူအုပ်ထဲမှာထက် အခုအလုံပိတ်ကားထဲမှာ အရက်နံ့ကပိုပြင်းနေ၏။ကားမောင်းနေသော လက်တစ်စုံကလည်း ပွန်းပဲ့ကာနီရဲနေသေး၏။နည်းနည်းလေးစိတ်ရှည်သည်းခံပေးတော့ဘာဖြစ်မာမို့လဲ။မေးမြန်းပြီးမှ လုပ်ရင်ဘာဖြစ်မှာမို့လို့လဲ။နေရာတကာ သူ့စိတ်ပဲဟုတွေးမိတော့ လက်ကဒါဏ်ရာတွေကို နည်းတာပဲဟုတွေးမိ၏။သို့သော် အဲ့စိတ်သည်ကြာကြာမခံ...

"ဇာမ် မင်းလက်ကဘာဖြစ်လာတာလဲ"

သို့သော် လိုချင်သည့်အဖြေအစား...

"ဘာဖြစ်ဖြစ်ပေါ့"

ထိုစကားကြောင့် နှောင်းပြောစရာစကားလုံးများပျောက်ရှကုန်၏။စိတ်ပူလို့ ကိုယ့်ဘက်က အရင်အလျှော့ပေးပြီးမေးမိတာကို ဒီလိုမျိုးဖြစ်သည်တဲ့လား။

"အေးဘာဖြစ်ဖြစ်ဆို ဘာလို့ငါ့ကိုလာခေါ်သေးလဲ။ဟမ် ဘာလို့လာခေါ်နေသေးလဲ"

ခုနကကျ သူမဟုတ်သည့်အတိုင်း ဇွတ်အတင်းပြေးလာ၏။ကယ်ပါလို့မပြောပဲ သူစိတ်ကြိုက်ကယ်ထုတ်ခဲ့ပြီးမှ...လူကို ဒီအတိုင်းဆက်ဆံဖို့ကယ်ထုတ်ခဲ့တာလားမသိ။

"စိတ်ပူလို့ပေါ့"

တကယ်တကယ် ဇာမ်မင်းဆက်က နည်းနည်းလောက်အလျှော့ပေးလိုက်တာနဲ့ ရောင့်တက်လာ၏။နေပါစေဦး ဒီ့ကောင်ကိုပစ်ထားဦးမယ်။

နှောင်းလဲ ကားမှန်ချကာ ဇာမ်မင်းဆက်ကိုကျောပေးလိုက်တော့သည်။ညမှာတိုက်ခတ်နေတဲ့လေပြေအေးလေးက စိတ်ကိုပေါ့ပါးသွားစေသည်။ခဏအကြာမှာတော့ နှောင်းထိုင်ခုံကိုမှီလျက် အိပ်မက်ကမ္ဘာထဲသို့ ကူးခပ်သွားလေ၏။

_____________________________
ဇာမ်မင်းဆက်တစ်ယောက်နှောင်းဆီမှ ဘာအသံမှထပ်မကြားတော့လို့ နှောင်းကိုကြည့်လိုက်တော့ ကျောပေးကာ ထိုင်ခုံကိုမှီလျက် အိပ်ပျော်နေလေ၏။
ကားကိုခဏရပ်ပြီး အနောက်ခန်းထဲက စောင်ကိုဆွဲယူပြီး တစ်ကိုယ်လုံး လုံအောင်ခြုံပေးလိုက်၊ကား air-conကိုလဲလျှော့ပေးလိုက်သည်။နောက်ပြီးငိုထားလို့ ဖောင်းအစ်နေတဲ့မျက်လုံးတွေကို အသာအယာ နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်၏။နီရဲနေတဲ့နှာခေါင်းရဲရဲလေးတွေကြောင့် မျက်နှာက ကလေးတစ်ယောက်လိုပဲ နုနယ်ကာ အပြစ်ကင်းနေသည်။ဖုန်းကိုဆွဲထုတ်လိုက်ပြီး အိပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်လိုက်သည်။ဤအရာတွေက နှလုံးသားရဲ့ခိုင်းစေမှုအတိုင်း အမြဲတမ်းလိုလို လုပ်လိုက်မိတဲ့ အလုပ်။ထို့နောက် ကားဆက်မောင်းလာခဲ့၏။ခဏအကြာမှာတော့ သူ့တိုက်ခန်းရှေ့ရောက်လာခဲ့သည်။
အိပ်နေသည့်လူကိုမနိုးချင်တာကြောင့် ကိုယ်တိုင်ကပဲပွေ့ချီဖို့လုပ်လိုက်သည်။သူ့ကိုယ်လုံးလေးကိုအသာအယာ ပွေ့လိုက်တော့ "အင့်"ဆိုသည့် ငြီးသံနဲ့အတူ မျက်လုံးကလေးများ ပွင့်လာသည်။

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora