Ep-37 uni

753 24 0
                                    

နှောင်းစစ်တစ်ယောက် အရှိန်နဲ့မောင်းနှင်နေတဲ့ကားတစ်စီးထက်မှာ သူ့ဦးနှောက်တွေဟာလဲ အချိန်နဲ့တ​စ်ပြေးညီ စဥ်းစားလျှက်။ရုတ်တရက်ကြီးဇာမ်မင်းဆက်ကသူ့အိမ်ရှေ့ကိုရောက်လာတယ်။ဘာမှမပြောပဲ သူနဲ့လိုက်ခဲ့ဖို့သာခေါ်ပြီး အခုလဲဘယ်အရပ်ဆီဦးတည်နေမှန်းမသိ။

သူမငြင်းဆီမိခဲ့ပါ။အလျှင်အမြန်ဖြစ်သွားတဲ့အခြေအနေတွေကြောင့်လား။သူကိုယ်တိုင်ကလဲ ငြင်းဆန်လိုစိတ် မရှိခဲ့သည်ကြောင့်များလား။

"မောင် အခု အခုဘယ်ကိုသွားနေတာလဲ"

"ဟား ၂ပတ်လောက်ခွဲခဲ့ရတာကို တွေ့တွေ့ချင်းမေးတဲ့စကားက ဒီစကားလား ကိုကိုရာ။ကျွန်တော်တော့ မကြိုက်ဘူးနော်"

"နေပါဦးဇာမ်မင်းဆက်ရဲ့ ဘာတွေဖြစ်နေမှန်းမသိတဲ့အခြေအနေမှာ မင်းကရုတ်တရက်ကြီးရောက်လာတယ်။ပီးတော့ဘာမှမပြောပဲငါ့ကိုဆွဲခေါ်သွားတယ်။ဒါကိုတောင်ငါက ဒီလိုမျိုးမမေးပဲ ဘယ်လိုမေးခွန်းမျိုးမေးသင့်တယ်လို့ မင်းထင်လို့လဲ"

"မေးခွန်းတွေထက် ကျွန်တော်က ကိုကိုကျွန်တော့်ကိုဘယ်လောက်တောင်လွမ်းနေခဲ့လဲသိချင်တာ။ကျွန်တော့်ကိုလွမ်းတဲ့အကြောင်းတွေ ကိုကို့ဆီကကြားချင်တယ်ဗျာ"

ပြောရင်းနှောင်းစစ်လက်တစ်ဖက်ကိုဆွဲယူရင်းသူ့နှုတ်ခမ်းတွေနဲ့အသာထိကပ်လိုက်တယ်။ရီဝေဝေမျက်လုံးတွေကလဲ သူ့ဆီကနေမဖယ်ရှား...

"မောင်ခေါ်သွားတဲ့နေရာကိုသာ ကိုကိုလိုက်ခဲ့နော်။ကိုကိုကျွန်တော့်ကိုချစ်တယ်မလား"

သူလိုချင်သည့်အ​ဖြေတစ်ခုအစားရောက်လာသည်ကနောက်ထပ်မေးခွန်းတစ်ခု။

"မတွေ့ရတဲ့ရက်ပိုင်းအတွင်း မောင့်မျက်နှာ တော်တော်ချောင်ကျသွားလိုက်တာ။မောင်အရမ်းများဆိုးနေသလား"

"မောင်မပြောတတ်ဘူးကိုကို။မောင်ဆိုးတာထက်တောင်ပိုနေခဲ့လိမ့်မယ်။မောင်မေးတာကိုဖြေလေကိုကို"

"ဖြေမှာပါ။ငါမောင့်မေးခွန်းတွေဖြေမှာပါ။အဲ့မတိုင်ခင်တော့ မောင်ငါမေးတာတွေဖြေ။မောင်ဘာလို့အရမ်းဆိုးနေရတာလဲ။ကိုကို့ကိုဂရုစိုက်ရမယ်ဆိုတာမသိဘူးလား"

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora