ဇာမ်တို့ အတန်းဆင်းတာနဲ့ ထွက်အလာ ကိုကို့ကို ဆေးကျောင်းသူလေးတစ်ယောက်က ရည်းစားစာပေးနေပုံရသည်၊ကောင်မလေးပေးတဲ့စာကိုယူတဲ့ကိုကို့ကိုဒေါသထွက်ရမလား၊စာပေးတဲ့ကောင်မလေးကိုပဲ ဒေါသထွက်ရမလားတောင်မသိ၊ကိုကို့ကိုဒေါသမထွက်နိုင်တဲ့စိတ်ကြောင့် ကောင်မလေးကိုပဲဒေါသထွက်လိုက်တော့မည်။ဘိုးတော် အသက်ကြီးနေပီကိုး ရည်းစားစာယူနေတုန်း ညကျမှဆူပစ်မယ်။
သူ့မှာရည်းစားစာပေးတဲ့ကောင်မလေးနဲ့ စကားပြောနေတာနဲ့ပဲ ဇာမ့်ကိုတောင်မမြင် ဒီလိုပုံစံနဲ့ဆို အလွတ်ပေးထားလို့တောင်မရတော့ဘူး၊ကိုကို့နား ဇာမ်ကပ်နေမှ ကောင်မလေးတွေမကပ်ရဲကြတာ၊ဒါကို ဆရာပေါက်စကမသိဘဲ ချုပ်ချယ်တယ်ထင်နေတုန်း။စိတ်ညစ်ညစ်နဲ့ စားစရာ၀ယ်ဖို့ထွက်လာခဲ့တယ်။ရှမ်းထမင်းဆိုင်ကရှမ်းထမင်းရယ်၊Snow martရှေ့က ဂျပန်မုန့်လုံးကြော်ကို သွား၀ယ်ပီး ဆေးရုံကိုပြန်ကာ မသူဇာကိုပေးထားခဲ့တစ်ဖက်မှာလဲ နှောင်းကအလုပ်လုပ်တွေပီးတာနဲ့ ဂျူတီဆင်းချိန်၆နာရီလဲထိုးတာနဲ့ အိမ်ပြန်ဖို့ရာ ပြင်ဆင်နေတော့သည်။ထို့နောက်မသူဇာဆီသွားကာ ဇာမ်ထားပေးခဲ့သော မုန့်များကို ယူလျက် Taxiငှားရန် ဆေးရုံအပေါက်၀ကိုလမ်းလျှောက်ထွက်လာခဲ့သည်။မသူဇာကပြောလိုက်သေး "နှောင်းတို့များ ကံကောင်းချက်ဟေ့ ဂျူတီပီးတာနဲ့ စားစရာကအသင့်"တဲ့၊ကြာရင် ခရမ်းချဥ်သီးမျက်နှာဖြစ်တော့မဲ့ မိမိအဖြစ်ကိုမြင်ယောင်ကာ အမြန်ထွက်ခဲ့ရတယ်။ဟူး..ဇာမ်ပေါက်နဲ့မှငါလဲမဖြစ်ဖူးတာတွေကိုဖြစ်နေတာပဲ....
ဆေးကျောင်းအပေါက်ရောက်တော့တွေ့တဲ့ taxiပေါ်ကိုငှားပီးအိမ်ပြန်လာခဲ့သည်။အိမ်ရောက်တော့ အိမ်သန့်ရှင်းရေးလုပ် ရေချိုးပီး စာလုပ်ရင်း ဇာမ့်ပေးသွားတဲ့ မုန့်တွေစားရန် ပြင်လိုက်သည်။
ရှမ်းထမင်းရယ်၊ဂျပန်မုန့်လုံးကြော်ကလည်း သူ့အကြိုက်၊မှာစရာမလိုပဲ ပါလာတဲ့ green teaလေးကြောင့် တစ်ချက်ပြုံးမိသွား ...မဆိုးဘူး ဒီကောင်လေးကို အမှတ်ပြည့်ပေးရမယ်ဟု စိတ်ထဲကကောက်ချက်ချလိုက်မိ
ဇာမ့်လဲ ၀ရန်တာမှာထိုင်ပီး weedသောက်လိုက် ၊ဂစ်တာတီးရင်းသီချင်းဆိုလိုက်၊ဇာမ့်ကိုကို့ကိုအချစ်စစ်နဲ့ချစ်မိနေတာများလား၊တစ်ခါမှ ဒီလိုခံစားချက်မျိုးမဖြစ်ဖူးသလို ဖြစ်ဖို့လဲမစဥ်းစားမိ၊သေချာတာက ကိုကို့ကသူ့အတွက်တော့တခြားသူတွေနဲ့မတူ၊
ESTÁS LEYENDO
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...