Ep-17 uni

978 55 25
                                    

ဒီနေဇာမ် ပုံမှန်အတိုင်းကျောင်းပြန်တက်ရမဲ့နေ့ဖြစ်တယ်။မတူတာက ဒီနေ့ childဘက်ကိုရောက်သွားပီပေါ့။ဆိုတော့ကား မနန်းနဲ့နှစ်ပါးသွားရမဲ့နေ့

(A/N) ညှို့တဲ့မှားရေးလိုက်သေး🤣

wardပြောင်းကတည်းက သင်လိုက်ရတဲ့စာတွေ ပျင်းလွန်းလို့အရည်တောင်ပျော်ကြတော့မယ်။မနန်းက စာတွေမေးလိုက် ဆူလိုက်ငေါက်လိုက်နဲ့ ဟုတ်နေတာပဲ။ထမင်းစားချိန်ထိတောင်စာတွေက မပီးသေးတော့ ကိုကို့နဲ့အတူ ထမင်းလဲမစားရ။၁၂ထိုးပီးလို့၁၀မိနစ်ပြည့်ချိန်မှာ ထမင်းစားချိန်၁၅မိနစ်ရလေသည်။အဲ့ကျမှ အမြန်ပြေးပီး နှောင်းစစ်ရုံးခန်းသို့သွားလိုက်ရသည်။

ဟိုရောက်တော့ ကိုကိုက သူ့ကိုစောင့်နေသည်။

"ကိုကို ကျွန်တော်နည်းနည်းနောက်ကျသွားတယ် ဗိုက်ဆာနေပီလား"

"မဆာသေးပါဘူး အခုမှအတန်းပီးတာလား"

"ဟုတ်တယ် ၁၅မိနစ်တဲ့"

"ဟင်"

၁၅မိနစ်ပဲရတဲ့နားချိန်မှန်းသိတာနဲ့ နှောင်းစစ်လဲ ဇာမ့်ချိုင့် ၀ိုင်းကူဖွင့်ပေးလိုက်သည်။ ထမင်းကို အမြန်အမြန်စားနေသော ဇာမ့်ကိုကြည့်ပီးလဲ စိတ်မကောင်းဖြစ်မိသည်။

"ဖြေးဖြေးစားပါ ဇာမ်ရဲ့ အချိန်လောက်ပါတယ်"

"မဟုတိဘူး ကျွန်တော်ရေးစရာကျန်သေးလို့ ကိုကိုစားလိုက်တော့ ညနေမှလာခေါ်မယ်နော်ကိုကို"

တားမယ့်လက်က လေထဲမှာတင်ရပ်တန့်သွား ဘာလို့ဆို ဇာမ်က အမြန်ထွက်သွားနှင့်နေပီ။တစ်ယောက်တည်းစားရတာ အထီးကျန်တယ်ဆိုပေမယ့် ဒီကောင်လေးက မရရတဲ့အချိန်လေးအတွင်းမှာ သူ့ကိုလာဂရုစိုက်ခဲ့သေးသည်မလား။ထမင်းတစ်၀က်ကိုသာ ဂရမ်းဂမှန်းစားသွားပေမယ့် နှောင်းချိုင့်ထဲကိုတော့ ဟင်းအစုံထည့်ပေးသွားရုံသာမက အသီးဘူးပါ အဆင်သင့်ဖွင့်ပေးသွားသည်။နောက်ပီး တစ်ရှုးထုတ်ကလေးကိုပါ ဘေးနားမှာချပေးထားခဲ့သည်။ဒါတွေကို ကြည့်ပီး မျက်ရည်၀ဲလာမိသည်။တစ်ခါမှဂရုစိုက်မခံခဲ့ရဖူးလို့လား ဒါမှမဟုတ် ဇာမ့်ဆီကရတဲ့ဂရုစိုက်မှုကြောင့် ပျော်ရွှင်မိလို့လား။ဂရုစိုက်ခြင်းတွေနဲ့ အသားမကျချင်တာတော့အမှန်ပါ။ခွဲခွာရဖို့ နီးစပ်တာတော့မဖြစ်စေချင်ပါ။

မောင့်နှောင်းငယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ