Ep-25 uni

834 62 30
                                    

ဇာမ်ပြန်သွားကတည်းက နှောင်းထိုင်ငိုနေမိသည်။စိတ်မကောင်းဖြစ်တာထက် ခံပြင်းမိသည်။
တစ်ဖက်က ထင်ရာမြင်ရာ စွပ်စွဲပြီး သူစိတ်ကြိုက်ဖျက်စီးသွားတဲ့အချိန်မှာ နှောင်းကတော့ဘာမှပြန်မလုပ်နိုင်ခဲ့။အထင်လွှဲတာကိုလည်း မဖြေရှင်းနိုင်ခဲ့သည်ကို ပို၍ပင်စိတ်တိုမိသည်။ဒေါသအရမ်းထွက်နေချိန်မို့ နောက်မှအေးအေးဆေးဆေးဖြေရှင်းမည်ဆိုသော အသိစိတ်နဲ့သာ ငြိမ်နေလိုက်သည်။သို့သော် နှောင်းပါးစပ်မှ မထင်မှတ်ပဲ လမ်းခွဲစကားထွက်သွားမိသည်။ဤသည်ကား ဇာမ်မင်းဆက်၏ လုပ်ရပ်နဲ့ အပြောတွေကြောင့်သာ ဖြစ်သည်။နောက်ဆုံးတော့ သူတစ်ယောက်တည်းကျန်ခဲ့ရပါသည်မဟုတ်လား။ဒီလိုနဲ့ပဲ သူတို့ဇာတ်လမ်းလေးက လှခြင်းမလှ ပြီးဆုံးခဲ့ရပါသည်....

🚨🚑🚨🚓

ငိုရင်းနဲ့အိပ်ပျော်သွားတာ ဆေးရုံကားနဲ့ ရဲကားသံတွေကြားမှ သူနိုးလာခဲ့၏။နာရီကိုလှမ်းကြည့်တော့ ည၇နာရီထိုးနေပြီ။ဘေးကစားပွဲပေါ်မှာတင်ထားခဲ့တဲ့ ဆေးတွေကိုလဲ သူမသောက်မိ။
ရုတ်တရက် ဖုန်းမှလည်း ထမြည်လာခဲ့သည်။နာမည်ကိုကြည့်လိုက်တော့ နန်းဖြစ်တာကြောင့် သူမကိုင်မိ။သူနေမကောင်းဖြစ်သည်ကို စိတ်ပူ၍လှမ်းမေးခြင်းသာဖြစ်မည်ဟုလည်းတွေးလိုက်မိသည်။နောက်ပြီး အခုချိန်မှာ နန်းနဲ့ဘယ်လိုမှစကားပြောရန်အဆင်မပြေ၊သူကိုယ်တိုင်ကလည်း မပြောချင်တာဆို ပိုမှန်လိမ့်မည်။တွေးရင်း ဇာမ်မင်းဆက်အကြောင်းပါလာတော့ ပါးပြင်ပေါ်သို့ မျက်ရည်စများ ခုန်ပေါက်လှိမ့်ဆင်းလာခဲ့၏။မျက်နှာပေါ်ရှိ မျက်ရည်တွေကို လက်ဖြင့် သုတ်လိုက်ပြီး အခန်းထဲမှ ထထွက်လာခဲ့၏။

အခန်းပြင်ရောက်တော့ ရှုပ်ပွနေသည့် ဧည့်ခန်းထဲတွင် လဲလျောင်းနေသော ထိုင်ခုံများသာရှိတော့၏။ဇာမ်မင်းဆက် ပစ်ပေါက်ခဲ့သည့် ပန်းအိုးများနဲ့ ပုလင်းကွဲစများဟာ ပျောက်ခြင်းမလှပျောက်နေ၏။
နောက်ပြီး သူတက်နင်းခဲ့မိသည့် ပုလင်းကွဲများလည်းမရှိတော့၊ကြမ်းပြင်ပေါ်ရှိ သွေးများလည်းသန့်ရှင်းလျှက်။ဇာမ်မင်းဆက်ရှင်းသွားရုံမှ တစ်ပါး အခြားသောအရာမရှိ။လဲကျနေတဲ့ခုံများကို မထူထားပဲ ပုလင်းကွဲ အစများကိုသာ သန့်ရှင်းထားသည်က သူနောက်ထပ်တစ်ကြိမ် တက်နင်းမိမှာဆိုးသောကြောင့်ဆိုတာ သိသာလှ၏။ထိုအရာတွေထက် အရေးကြီးသည်က အဆက်မပြတ်ကြားနေရသည့် ဆေးရုံကားသံများနဲ့ ရဲကားသံများပင်ဖြစ်သည်။သူတံခါးနားရောက်တော့ ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေသည့် ကိတ်မုန့်တစ်လုံးကိုတွေ့ရ၏။နှောင်းလဲ ထိုင်ကာ ကိတ်မုန့်ကိုငုံကြည့်လိုက်တော့ ကိတ်မုန့် မျက်နှာပြင်ထက်တွင် "Happy 2 monthsary hnaung" ဆိုသည့် စာသားနဲ့အတူ ​ဆရာ၀န်အရုပ်​​​​လေး၂ရုပ်ကိုတွေ့ရ၏။သူ့အရုပ်ကိုကျ အရပ်ရှည်ရှည်ဆွဲထား​​ပြီး လက်ထဲမှာ အရက်ပုလင်းကိုင်ထား၏။နှောင်းစစ်ကိုကျ သေချာအရပ်ပုထားပြီး လက်ထဲမှာ အရုပ်ပိုက်ထား၏။မသိရင်သူကပဲ အကြီးလိုလိုနဲ့ ဇာမ်မင်းဆက်ကတော့သေတော့မည်။တူညီသည်က နှစ်ယောက်စလုံး ဂျူတီကုတ်၀တ်ထားခြင်းဖြစ်သည်။ကိတ်မုန့်ကို ကြည့်ရင်း နှောင်းမျက်ရည်တွေ အတိုင်းအစမရှိ စီးကျလာခဲ့၏။
သူမှားသွားပြီ သူမှားသွားခဲ့ပြီဆိုသောအသိကလည်း ခေါင်းထဲမှာအပြည့်။အနည်းဆုံးတော့ သူဇာမ်မင်းဆက်ကို နားလည်အောင်ရှင်းပြလိုက်သင့်ပါသည်မဟုတ်လား....

မောင့်နှောင်းငယ် (Complete)Tempat cerita menjadi hidup. Temukan sekarang