မနက်စောစောစီးစီးထကာ မန္တလေးသို့ပြန်လာခဲ့သည်။အထုတ်အပိုးတွေကိုချပြီး ဇာမ်တစ်ယောက်ရေသွားချိုးလိုက်သည်။ရေချိုးပြီးတော့ ကုတင်ပေါ်မှာ ငုတ်တုပ်ထိုင်နေတဲ့နှောင်းစစ်ကိုမြင်တော့
"ကိုကိုအိပ်လေ ပင်ပန်းနေမှာကို"
ပြောရင်း စိုနေတဲ့ဆံပင်တွေကို တပတ်ဖြင့်သုတ်လေသည်။
"မအိပ်ချင်ပါဘူး"
ဒီစကားကိုတော့ မျက်လုံးအပြူးသားဖြင့် နှောင်းစစ်ကပြန်ပြောလိူက်ပြီး ကုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့note bookကို ကောက်ယူကာ ၀ံရန်တာဘက်ထွက်သွားလေသည်။
ဇာမ်လဲ ခေါင်းခြောက်သွားမှ ဗီရိုထဲက အကျီတစ်ထည်ကိုကောက်၀တ်လိုက်သည်။နောက်ပြီး မီးဖိုချောင်ဘက်သို့သွားကာ ရေခဲသေတ္တာထဲက ချောကလတ်ကိတ်မုန့်ယူလိုက်ပြီး နှောင်းစစ်နောက်သို့လိုက်သွားလေသည်။
"ရော့ ဒါစားချင်လို့ ကောက်နေတာမလား"
ထိုအခါ ဇာမ့်လက်ထဲကကိုင်ထားသည့်ကိတ်မုန့်ကို နှောင်းစစ်အလျှင်အမြန်ဆွဲယူလိုက်ပြီး
"ငါစားချင်နေတာကို မောင်ကကျွေးမှမကျွေးတာ"
ဇာမ့်ကိုမျက်စောင်းထိုးကာ ပြောလိုက်ခြင်းဖြစ်သည်။နောက် သူ့လက်ထဲက ကိတ်ကို ခရင်းဖြင့် ဖဲ့စားလိုက်လေသည်။ကလေးတစ်ယောက်လိုအားရပါးရစားနေသဖြင့်ပါးစပ်နားတွင်လည်း ချောကလက်များပေကျန်နေလေသည်။
"မောင်ကတမင်မကျွေးတာမဟုတ်ပါဘူး။ကြည့်ဦးကလေးကြီးကျနေတာပဲ ပေနေရော"
ပြောရင်း ဇာမ့်လက်ဖြင့် နှောင်းစစ်ပါးစပ်နားကချောကလက်တွေကိုသုတ်လိုက်လေသည်။ထိုအခါ နှောင်းက ဇာမ့်ရှေ့နားသို့တိုးလာပြီး ဇာမ့်နှုတ်ခမ်းကို ပြွတ်ခနဲမြည်အောင် တစ်ချက်နမ်းလိုက်သည်။ပါးစပ်မှလဲ "မောင်တော်လို့ ကိုကိုကဆုချတာ"ဟုလဲပြောသေးသည်။
"ဗိုက်ထဲက ကလေးလေးက စားချင်တယ်ဆိုလို့ ငါကစားနေတာ"
ဇာမ့်တစ်ယောက် နှောင်းစကားကြောင့် အသံထွက်အောင်အော်ရီလိုက်မိလေသည်။
ESTÁS LEYENDO
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...