Ep-20 uni

1K 68 10
                                    

ခုနက ဖက်ခဲ့တဲ့ရင်ခွင်ကို ပိုတိုးကပ်စွာဖက်လိုက်ရင်း....

"မသိသေးဘူးလား"

"အင်း သိတယ်ဒါပေမယ့် ကိုကိုပါးစပ်ကပြောတာကိုကြားချင်တာ"

ခြေဖျားထောက်လိုက်ပီး ဇာမ့် နားရွက်ဖျားနားသို့ မထိတထိ နှစ်ကိုယ်ကြား ကြားရုံပြောလိုက်တဲ့စကားက...

"ငါလည်း မောင့်ကိုချစ်တယ်"

ကိုကိုနှုတ်ခမ်းဖျားက ထွက်လာတဲ့ ဒီစကားက သူ့ကြုံလာသမျှဒုက္ခတွေကို ရင်ဆိုင်ဖို့ အင်အားရလိုက်သလို။ဒီအခြေအနေအထိ မမျှော်လင့်ခဲ့ဘူးဆိုရင် သူညာတာ။သူမျှော်လင့်ခဲ့ပါတယ် ဒါပေမယ့် စိတ်ကူးနဲ့တောင် အများကြီးပျော်ခဲ့ရတာလေ။အခုလို သူချစ်မြတ်နိုးရတဲ့ အမျိုးသားလေးဆီက ချစ်တယ်လို့ကြားလိုက်ရတော့ သူဘယ်လောက်ပျော်နေမလဲ။သေချာတာက စကားလုံးတွေက သူ့ခံစားချက်တွေကို ပုံဖော်နိုင်တဲ့အထိ စွမ်းဆောင်နိုင်မာမဟုတ်လောက်ဘူး။နောက်ပီး ကိုကို့က သဘာ၀နဲ့ဆန့်ကျင်နေတဲ့ဆက်ဆံရေးမျိုး၊ ပတ်၀န်းကျင်က လူတွေရဲ့အပြောတွေကိုတောင် ဂရုမစိုက်တော့ဘဲ သူ့ကိုပြန်ချစ်ပါသည်တဲ့လား။အဲ့ဒီအတွက် သူအခုချိန်ကစပီး တတ်နိုင်သမျှ ကိုကို့ကိုပျော်အောင်ထားရတော့လိမ့်မည်။ကိုကို့ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ မျက်ရည်ကျစေတာမျိုး သူအဖြစ်မခံနိုင်ပါ။

"ကျွန်တော်အသက်ရှင်နေသရွေ့တော့ ကိုကိုတော့ပျော်အောင်ထားပါ့မယ်။ကတိပေးတယ်ကိုကို ကျွန်တော်ကိုကို့ကိုဘာအကြောင်းကြောင်းနဲ့မှ ထားခဲ့မှာမဟုတ်ဘူး။အခုကျွန်တော်အရမ်းပျော်နေတယ်သိလား ကိုကို့ကိုလဲကျေးဇူးတင်တယ် ကျွန်တော့်ကိုပြန်ချစ်လို့ ကိုကိုနောင်တရမယ့်အဖြစ်မျိုး ကျွန်တော်မလုပ်ဘူး"

"အင်း ငါမောင့်ကိုယုံတယ်။ငါ့ကိုချစ်ပေးတဲ့အတွက်လည်း မောင့်ကိုကျေးဇူးတင်တယ်"

(A/N) ဇွတ်မောင်")

ရင်ခွင်ထဲက ကောင်ငယ်လေးရဲ့ခေါင်းကို အသာအယာ ဆွဲမော့လိုက်ပီး ငိုထားလို့ဖောင်းနေတဲ့ မျက်ခွံလေးတွေကို နှုတ်ခမ်းဖြင့် ဖွဖွလေးအကြင်နာအနမ်းပေးလိုက်သည်။ကြည်လဲ့လဲ့ မျက်လုံးနှစ်စုံဖြင့် မော့ကြည့်နေသူကို သူတကယ်ချစ်ပါသည်။နှာခေါင်းနီနီလုံးလုံးလေးကလည်း အသဲယားစရာအတ်။ထို့နောက် နှုတ်ခမ်းပါးပါးလေးတစ်စုံကို အသာအယာနမ်းရှိုက်လိုက်ပြီး

မောင့်နှောင်းငယ် (Complete)Where stories live. Discover now