"ဟျောင့် ဇာမ်"
"ဘာလဲဟ"
"ငါ့လဲကျွေးပါဦးကွ မင်းကလဲ"
ဆရာပေါက်စလေးအချိန်မို့ မုန့်ခိုးစားရတာ လွယ်တော့လွယ်မနေပေ။ဇာမ်မနက်က အိပ်ယာထနောက်ကျလို့ အမြန်ထွက်လာတာနဲ့ မနက်စာတောင် မစားခဲ့ရ။ပုံမှန် မျက်စိလျှင်တဲ့ဆရာလေးအချိန်ဆို မစားဖြစ်အောင်နေပေမယ့် ဒီနေ့တော့ ဘယ်လိုမှမတတ်နိုင်တော့။ဒါကိုဘေးမှာ ထိုင်တဲ့ စိုင်းသူရမင်းထက်က လာတောင်းစားနေသေးသည်။စိုင်းသူရမင်းထက်နဲ့ဇာမ်က gpတူလို့ ခင်ခဲ့ကြပေမယ့် ဇာမ့်နဲ့အဆင်ပြေသော သူငယ်ချင်းတစ်ဦးဖြစ်ပေသည်။အခုဆို ဇာမ့်သူငယ်ချင်းအရင်းကြီးတောင်ဖြစ်နေလေပီ။
ဇာမ်လဲ နှောင်းမသိအောင် အမြန် စိုင်းသူရမင်းထက် လက်ထဲမုန့်တစ်၀က်ခွဲထည့်ပေးလိုက်သည်။ဒါကို မျက်စိလျှင်တဲ့ ဒေါက်တာပေါက်စလေးက မြင်ဖြစ်အောင်မြင်လိုက်သေးသည်။စာသင်တာမပျက်ဘဲ လက်ထဲကမုန့်ထုတ်ကိုဆွဲယူသွားသည့်ဆရာပေါက်။နားနားကပ်ပီးပြောလိုက်သည့်စကား "ဇာမ်မင်းထက် မင်းတော့သေတော့မယ်"တဲ့။ဆူခံရတာတောင် ပျော်နေတဲ့ကျွန်တော်ပါ။ပျော်ဆို မနေ့ညက ကိုကိုနဲ့စကားပြောတော့ ကိုကို့ဆီက ကိုကိုလို့ခေါ်ခွင့်မရရအောင် တောင်းထားလို့ဖြစ်သည်။သိပ်ချစ်ကိုကို့ကို ကိုကိုလို့ခေါ်ခွင့်ရသည်က ဇာမ့်အတွက် ပြောပြလို့မရအောင် အတိုင်းအတာတစ်ခုထက်ပိုပျော်စေသည်။ဘေးက စိုင်းသူရမင်းထက်ကတော့ မျက်စိသူငယ်နားသူငယ်နဲ့ သူမဟုတ်တာမလုပ်ထားသလို ဟန်ဆောင်နေသေးတယ်။
"ဒါဆို ဒီနေ့သင်ခန်းစာကဒီလောက်ပါပဲ။အကိုမင်းတို့ကို ပြောရဦးမယ်ကျောင်းက မန္တလေးတောင်တက်မာတဲ့ မနက်ဖြန်မနက်ပိုင်း၊အဲ့တော့ ညနေကျရင် လိုက်မဲ့သူတွေစုပီးစာရင်းတစ်ချက်ပေးထားဦးအကို့ကို၊အဲ့တော့ မနက်ဖြန် ကျောင်းကနေ့တစ်၀က် offတယ်နော်"
"ဟျောင့် မင်းလိုက်မာလား"
စိုင်းသူရမင်းထက် ဇာမ့်နားကပ်ကာ မေးလိုက်သောအသံပင်ဖြစ်သည်။"ငါ့ကိုကိုလိုက်ရင် လိုက်မယ်"
"ဟင် မင်းမှာအကိုရှိတာလား"
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...