EP-2 uni

2.3K 141 14
                                    

ချစ်တယ်ဆိုတာထက် သူနဲ့ ပက်သက်ပြီး အရာရာကို မြတ်နိုးမိတာ...သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို မသိစိတ်ကနေ မှတ်တမ်းတင်နေမိတာ
ကိုယ်မခိုင်းစေပဲ နှလုံးသားသူ့အလိုလို ကိုကိုနဲ့ပက်သက်ပီးအလုပ်လုပ်နေတာ

ဒီနေ့ ဇာမ်တို့အဖွဲ့ကို အာရုံကြောပိုင်းနဲ့ ပက်သက်ပြီး နှောင်းစစ်ရှင်းပြနေတယ်။ တဆက်တည်းမှာ သွေးကြောလေးတွေအကြောင်းပြောနေတဲ့ နှုတ်ခမ်းလှလှလေး၊တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်တိုင်း ပွင့်သွားတဲ့ နှုတ်ခမ်းလေးတစ်စုံ၊ ဘောပင်လေးနဲ့ထောက်ပြနေပီး သေချာရှင်းပြနေတဲ့ ထို လက်ချောင်းလှလှလေးတွေ၊ဖြူဖွေးနေသော လက်သွယ်သွယ်လေးအထက်မှာ နာရီလေးတစ်လုံးဟာလဲ ရိုးရှင်းစွာ နေရာယူလျှက်၊ စိတ်ဝင်စားမစား မော့ကြည့်တတ်သေးတဲ့ ကြည်လဲ့လဲ့ မျက်လုံးလေးတွေ၊လေးထောင့်ပုံစံ မျက်မှန်လေးအောက်က ညှိယူဖမ်းစားနိုင်လွန်းတဲ့ မျက်၀န်းလေးတစ်စုံ...ဒီအရာတွေအားလုံးက ကိုကို့ရဲ့ဖြစ်တည်မှုလေး၊ကိုကို့ရဲ့အစိတ်အပိုင်းလေးတွေအကုန်လုံးကို သူ စိတ်ရဲ့တစ်နေရာမှာ မှတ်တမ်းတင်နေမိတာ။

ရုတ်တရက်ဆိုသလို ဇာမ့်ကို မျက်လုံးချင်းဆုံအောင်ကြည့်လိုက်တဲ့ နှောင်းစစ်ကြောင့် ဇာမ်တောင် ပျာယီးပျာယာတွေဖြစ်ကုန်ပြီး ဘာမှ မမှတ်မထားတဲ့ စာရွက်အဖြူရောင်လေးပေါ်မှာ လိုင်းအတွန့်တွန့်တွေ ကောက်ဆွဲမိလေတယ်။
ခေါင်းကိုသာ အောက်ငိုက်ထားပီး ဇာမ်ရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ ကိုကို့ကိုလည်း မျက်စိထောင့်စွန်းတစ်နေရာကနေ မြင်အောင်ခိုးကြည့်လိုက်သေး...

ခေါင်းပြန်လှည့်သွားပီး ဘာမှမဖြစ်သလို စာဆက်ရှင်းနေသောနှောင်းစစ်၊သို့သော် ဤအရာသည် သူအမြင်မှားခြင်းမဟုတ်လောက်ပေ။ ဇာမ် မြင်တာမမှားဘူးဆိုရင် ရုတ်ချည်းဆိုသလို ခေတ္တခဏလေးအတွင်း ကိုကို့်ရဲ့ဖြူဖွေးနုနယ်သော ပါးပြင်လေးအထက်တွင် ပန်းနုရောင် အပြေးလိုင်းလေး တစ်လိုင်းဖြတ်ခနဲ ဖြတ်ပြေးသွားသည်ကို ဇာမ်သေချာပေါက်မြင်လိုက်ရ၏။

ဒီလိုနဲ့ပဲ စာတွေဆက်ရှင်းပီး နေ့လည်စာစားချိန်ရောက်မှန်းမသိ ရောက်သွားလေသည်။
_____________________________
ဇာမ်နဲ့ သူ့သူငယ်ချင်းတွေ နေ့လည်စာစားဖို့ ကန်တင်းဘက်ကို​ထွက်လာခဲ့၏။ဟော ဟိုမှာတွေ့ပါပီ မျက်မှန်လေးနဲ့ လူကြီးပုံစံဖမ်းထားသော ဇာမ်ရဲ့ရင်ခုန်သံပေါက်စလေး.....ဖုန်းကို အဆက်မပြတ်ကြည့်နေသော ကိုကိုကြောင့် ဇာမ်ကိုကို့ရဲ့ ဖုန်းတောင် ဖြစ်ချင်မိသွားတယ်။ကိုကိုနဲ့ မျက်နှာချင်းဆိုင်ထောင့်၀ိုင်းမာ နေရာယူလိုက်ပီး ကိုကို့ပုံလေးကိုလဲခိုးရိုက်လိုက်သေးသည်။

မောင့်နှောင်းငယ် (Complete)Onde histórias criam vida. Descubra agora