ဇာမ့်မှာ မကောင်းတဲ့အကျင့်၁ခုရှိသေးသည်၊အဲ့တာ weedကိုအပျင်းပြေအနေနဲ့သုံးတာ၊တစ်ပါတ်ကို ၃ရက်လောက် အပျင်းပြေသုံးတတ်ပေမယ့် အခုနောက်ပိုင်း တစ်ပတ်၂ရက်သာသုံးဖြစ်အောင် လျှော့ချထားသသည်။နေ့စဥ်ညဆက် အိပ်မပျော်တတ်တဲ့အကျင့်ရှိတော့ တစ်ခါတစ်လေဖက်ကြမ်းလိပ်ထဲကို weedထည့် သောက်မှ အိပ်ပျော်တတ်သည်။
ဖြစ်ချင်တော့...ဒီနေ့ကဗုဒ္ဓဟူးနေ့ ဒါဆို weed သောက်ရမယ့်နေ့ပဲ။weedသောက်ဖို့တောင်ရက်တွက်နေတာလား? ဆိုရင်တော့ဟုတ်တယ်ပဲပြောရမှာပဲဗျာ။ကျန်းမာရေးကလဲဂရုစိုက်ရသေးတယ်။အိပ်ယာနိုးတော့ ဘေးကအံဆွဲထဲကိုလက်နဲ့စမ်းကြည့်တော့weedကကုန်နေပြီ အိတ်အခွံသာကျန်တော့၊ဒါဆို ဒီနေ့လုံးပန်းရပေဦးမည်။ပိုက်ဆံက လက်ထဲအချိန်မရွေးရှိတယ်၊ပိုက်ဆံ အဓိကမဟုတ်ပေမယ့် သိတဲ့အတိုင်း ဆေးကမုန့်၀ယ်သလို၀ယ်လို့မရ၊ကံမကောင်းရင်
၁သိန်းလောက်နဲ့ ဂျေးထဲဒိုးရမာ၊အစက အိမ်ကအဖေနဲ့အမေမသိအောင်သုံးပေမယ့် ခုတစ်ယောက်တိုးလာပီ၊ကိုကိုသာသိရင် ဘယ်လောက်ဆူမလဲမသိဒီနေ့မနက်ပိုင်းက နှောင်းအတန်းချိန်မပါ၍ နှောင်းနဲ့ တစ်နေ့လုံးမတွေ့ရသေး၊ဒီတိုင်းဆို ထမင်းစားချိန်မှ တွေ့ရမည်ထင်သည်။မနေ့ညက ၁၂ကျော်မှအိမ်ပြန်ရောက်ပီး Nfကြည့်ကာ ၁နာရီလောက်မှီပ်ဖြစ်သောကြောင့်အတန်းချိန်လဲ နောက်ကျသေး အတန်းနောက်ကျတာက ဇာမ့်ရဲ့ဖြစ်ရိုးဖြစ်စေအလုပ်တစ်ခုပင် ဖြစ်နေပီ၊မနက်ထဲကကိုကိုနဲ့မတွေ့ရသေးတာရော၊ဆေးကကုန်နေတာရောကြောင့် ဇာမ့်စိတ်တွေကြည်နေတဲ့ထဲတော့သိပ်မပါ
"ဟျောင့် ဇာမ်ဖွတ် ဘာတွေငိုင်နေတာလဲ"
"ဘောကိုဖွတ်လား"
"ယဖကလဲကွာ ငါကစတာကို"
စိုင်းသူရမင်းထက်က ဆေး၁မှာ ဇာမ့်အဖက်လုပ်ပီးပေါင်းတဲ့ တစ်ဦးတည်းသောသူငယ်ချင်းဆိုလဲမမှား...
"ငါ့မာတော့အမမရှိဘူး မင်းမှာရှိလို့လား"
"ဇာမ်မင်းဆက်နော် မင်းလိုကောင်ကိုငါ့အမပေးစရာလား၊ညနေကျ Tax barကိုသွားမလို့ လိုက်မလား"
"လိုက်တာက လိုက်ချင်တယ်၊အသဲနှလုံးလေးကိုလဲ ကြောက်ရသေးတယ်"
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...